Connect with us

MYANMAR

သတ်မှတ်ချက် တစ်ချို့ကို ဇွန် ၁ ရက်မှ စ၍ ဖြေလျှော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - myanmar state counsellor office)

ရန်ကုန် ၊ မေ ၂၈ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ မပြန့်ပွားရေးအတွက် ချမှတ်ထားသော သတ်မှတ်ချက် တစ်ချို့ကို ဇွန်လ ၁ ရက်မှ စ၍ ဖြေလျှော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ ရေးသား ဖော်ပြခဲ့သည်။

“မေလ(၃၁)နေ့အထိ ရောဂါမပြန့်ပွါးရေးအတွက် ချထားတဲ့ သတ် မှတ်ချက်အချို့ကို ဇွန်လ(၁)ရက်နေ့ကစပြီးဖြေလျှော့ပါမယ်။ သတိကြီးစွာနဲ့ တဖြည်းဖြည်း နိုင်ငံရဲ့ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကိုဦးတည်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရေးသားခဲ့သည်။

ယခုဖြေလျှော့ပေးမှုများသည် စည်းကမ်းလိုက်နာခြင်း အားဖြင့် COVID-19 ရောဂါ ကာကွယ်ရေးကို ဖေးမပေးခြင်း၏ အကျိုး ကျေးဇူးဖြစ်ခြင်းကြောင့် COVID-19 ရောဂါအနိုင်ရရေးအတွက် စည်းကမ်း ထိန်းသိမ်းခြင်းကို ဆက်ပြီး ကူညီကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မေတ္တာရပ်ခံခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူအား မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်အထိ နှစ်လကျော် ကာလတွင် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၀၆ ဦး ရှိခဲ့ကြောင်း နှင့် ရောဂါပိုး ကင်းစင်လာသူ ၁၂၆ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117