Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၂ဦးတိုး၊  စုစုပေါင်း ရောဂါပိုးရှိသူ (၁၂၃)ဦးရှိလာ

ရန်ကုန်မြို့အတွင်း COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလ၌ ပြည်သူများ သွားလာလှုပ်ရှားမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

 မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၂ဦး ယနေ့ ဧပြီ ၂၂ ရက်တွင် ထပ်မံတိုးလာသဖြင့် ရောဂါပိုးရှိသူ (၁၂၃)ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သေ ာသတင်းးအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏  ဧပြီ ၂၂ ရက် ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၀) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၈) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ်တွင် နေထိုင်သူ အသက် ၂၈နှစ်နှင့် ၁၈နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိကြောင်း၊  ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ခွဲအတည်ပြုလူနာ (၁၀၉) ဦးအနက် ဝေဘာဂီအထူးကုဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် (၃)ဦးနှင့် ကျန် (၁၀၆) ဦး၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။(Xinhua)