Connect with us

MYANMAR

မြန်မာနိုင်ငံတွင် တစ်လအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၁၂၇ ဦးထိရှိလာ

ရန်ကုန်မြို့အတွင်း COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလ၌ ပြည်သူများ သွားလာလှုပ်ရှားမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပထမဆုံးလူနာစတင်တွေ့ရှိသည့် မတ် ၂၃ ရက်မှ ဧပြီလ ၂၃ ရက်နေ့အတွင်း  COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၁၂၇ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏  ဧပြီ ၂၂ ရက် ညတွင် (ဒုတိယအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၂) ခုအနက် (၄) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၆၈) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ(၄)ဦးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ တာမွေမြို့နယ်နှင့် အင်းစိန်မြို့နယ်များမှ အသွားအလာကန့်သတ်ထားသော အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၁ဦးတို့ဖြစ်ကြောင်း  သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီး ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ အသွားအလာ ဆက်လက်ကန့်သတ်ထားရှိကြောင်း၊  ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၅)ဦးရှိကြောင်း သိရသည်။(Xinhua)