Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၆၆ ဦးတွေ့ရှိ ၊ သေဆုံးလူနာ ၂၅ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်းအကာအကွယ်များဖြင့် သွားလာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၄၆၆ ဦးတွေ့ရှိခဲ့ပြီးဆေးရုံဆင်းခွင့်ရရှိသူ ၁,၃၆၆ ဦးနှင့် သေဆုံးလူနာ ၂၅ ဦးအသီးသီးရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ညပိုင်းထုတ်ပြန်မှုအရသိရသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ၂၄ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း ၁၅,၇၉၈ ခုအားစစ်ဆေးပြီးစီးခဲ့နောက် ထိုသို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံကြီးများနှင့် မြို့နယ်များတွင် ဆက်လက် စစ်ဆေးလျက်ရှိပြီးအဆိုပါ စစ်ဆေးမှုများတွင် လတ်တလောအနံ့မရရှိသူများလည်းပါဝင်ကြောင်းသိရသည်။

ယနေ့ သေဆုံးသူ ၂၅ ဦးအနက် ရောဂါအခံရှိသူ ၂၃ ဦးပါဝင်ကြောင်းသိရသည်။
ရန်ကုန် တိုင်းဒေသကြီးအတွင်းအသွားအလာကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သည့် စုစုပေါင်း ၁၇၄၆ ဦးအား ၎င်းတို့၏ နေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမည် ဖြစ်ကြောင်းလည်းထည့်သွင်းဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ စုစုပေါင်းဓာတ်ခွဲနမူနာ ၆၃၄,၀၄၁ ခုအားစစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၄၇,၆၆၆ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၂၇,၃၇၃ ဦးနှင့် သေဆုံးလူနာပေါင်း ၁,၁၄၇ ဦးရှိလာကြောင်းသိရသည်။ (Xinhua)