Connect with us

VIDEO

COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံတွင် အသုံးပြုလျှက်ရှိသည့် အဆင့်မြင့်နည်းပညာနှင့်ပစ္စည်းများ

အန့်ဟွေး၊ မေ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အဆင့်မြင့်နည်းပညာများနှင့် ခေတ်မီ ပစ္စည်းများကို အသုံးပြုကာ ဆောင်ရွက်လျှက်ရှိသည်။ တရုတ်နိုင်ငံအတွင်း အသုံးပြု သည့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကုသ ကာကွယ်ရေးဆိုင်ရာ နည်းပညာများနှင့် ပစ္စည်းကိရိယာများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

– COVID-19 လက္ခဏာများ ကို  ကွန်ပျူတာ အသုံးပြုစစ်ဆေးခြင်းနည်းစနစ်

ထိုနည်းစနစ်မှာ CT scan ဖြင့် ရိုက်ကူး မှုအပေါ်အခြေခံ၍ ပုံရိပ်များမှ တစ်ဆင့် အချိန် ၃ စက္ကန့်အတွင်း စစ်ဆေးမှုပြုလုပ်နိုင်သည်။

– COVID-19 ပဋိပစ္စည်းစစ်ဆေးသည့်စာရွက်

ထိုကိရိယာဖြင့် အချိန် ၁၅ မိနစ်အတွင်းရလဒ်ကို စစ်ဆေးနိုင်သည်။

– Nucleic acid စစ်ဆေးရေးကိရိယာ

ထိုကိရိယာဖြင့် မိနစ် ၉၀ အတွင်း  ရောဂါပိုးရှိမရှိကို စစ်ဆေးနိုင်သည်။ 

– Negative Pressure စနစ် တပ်ဆင်ထားသည့် အရေးပေါ်လူနာတင်ကား

ထိုကားများဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို သယ်ယူပို့ဆောင်ပေးသည်။

– အသိဉာဏ်ထည့်သွင်းပေးထားသည့် ဖုန်းခေါ်ဆိုသည့် စက်ရုပ်

ထိုစက်ရုပ်မှာ တစ်မိနစ်အတွင်း ဖုန်း ခေါ်ဆိုမှုပေါင်း ၉၀၀ အထိ လုပ်ဆောင်နိုင်သည်။

– အချင်းချင်းထိတွေ့မှု လုံးဝ မရှိဘဲ ခန္ဓာကိုယ်အပူချိန်တိုင်းတာရေးနှင့် လုံခြုံရေးစစ်ဆေးမှုစက်

– ဓါတ်လှေခါးအတွင်း ခလုတ်များကို ထိတွေ့စရာမလိုဘဲ ရွေးချယ်နိုင်သည့်ကိရိယာ

ထိုကိရိယာက လူအများကို ခလုတ်များအား ထိတွေ့စရာမလိုဘဲ အဝေးမှပင်ခလုတ်များကိုရွေးချယ်နိုင်အောင် တီထွင် ထုတ်လုပ်ထားသည်။

– အများပြည်သူအသုံးပြုသည့်နေရာများတွင် လေထု ပိုးသန့်စင်ခြင်း စနစ်ကိုအသုံးပြုကာ ပိုးသတ်စင်ပေးသည့်စနစ်

– တစ်မိနစ်လျှင်အခု ၅၀၀ အထိ ထုတ်လုပ်ပေးသည့် နှာခေါင်းစည်းထုတ်လုပ်မှုစနစ်။

အထက်ပါ ကိရိယာများနှင့် နည်းစနစ်များအားလုံးကိုတရုတ်နိုင်ငံအရှေ့ပိုင်းအန့်ဟွေး ပြည်နယ်တွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.