Connect with us

VIDEO

ကင်ညာနိုင်ငံတွင် COVID-19 ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ ရောဂါ ကူးစက်ခံနေရ

Normal 0 false false false EN-US ZH-CN X-NONE နိုင်ရိုဘီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံတွင် ပြီးခဲ့သည့် သတင်းတစ်ပတ်အတွင်းက COVID-19 ကူးစက်လူနာများကိုရှေ့တန်းမှ စွမ်းစွမ်းတမံ ကုသပေးနေကြသည့် ကျန်းမာရေးဝန်ထမ်း ၇၁ ဦး ထပ်မံ ရောဂါ ကူးစက်မှုခံခဲ့ရပြီး  စုစုပေါင်းကူးစက်ခံရသူကျန်းမာရေးဝန်ထမ်း  ၂၅၇ ဦးအထိရှိလာခဲ့ကြောင်း ကင်ညာကျန်းမာရေးဝန်ကြီးဋ္ဌာနက ဇူလိုင် ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီး မူတာဟီ ကာဂွါက ထိုသို့ ကူးစက်ခံရသူဦးရေ မြင့်မားလာခြင်းမှာ ကျန်းမာရေးဝန်ထမ်းများ၏ အလုပ်သဘာဝ အရ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် တစ်ပတ်အထိ ကူးစက်ခံရမှုဦးရေမှာ ၁၈၆ ဦးအထိသာရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဋ္ဌာန မှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် လိုအပ်တဲ့ အကာအကွယ် ပစ္စည်းတွေ ကို ထောက်ပံ့ပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာပါ။ သူတို့ဟာကျွန်တော်တို့အတွက် ရှေ့တန်းတိုက်စစ်မှူးတွေလည်းဖြစ်ကြပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။ ယခုကဲ့သို့ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ကျန်းမာရေးကဏ္ဍ၌ တာဝန်ထမ်းဆောင်နိုင်သူများစွာ လိုအပ်လျှက်ရှိကြောင်း၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၄နာရီအတွင်း COVID-19 ကူးစက်မှုရှိမရှိ လူပေါင်း ၃၀၅၈ ဦးအား နမူနာများကိုကောက်ယူ စစ်ဆေးခဲ့ရာ ၂၇၈ ဦးတွင် ရောဂါကူးစက်ခံရသည်ကိုတွေ့ရှိခဲ့ရကြောင်း အရှေ့ အာဖရိက နိုင်ငံများတွင် လက်ရှိအချိန်၌ ကူးစက်ခံရသူဦးရေ ၈၅၂၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ကာဂွါ က ကြေညာခဲ့သည်။

ထိုကာလအတွင်း လူပေါင်း ၈၉ ဦး ရောဂါ သက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီး စုစုပေါင်းဆေးရုံဆင်းသူ ၂၅၉၃ ဦး ရှိလာပြီဖြစ်သည်။ လူနာ နှစ်ဦးထပ်မံသေဆုံးပြီးနောက် အသေအပျောက်နှုန်းမှာ ၁၆၉ ဦးအထိ ရှိခဲ့သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.