Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19ရောဂါကြောင့် သေဆုံးသူ ၈ သိန်းကျော်ရှိလာ၊ တောင်ကိုရီးယားနိုင်ငံတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပြန်လည်တင်းကြပ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ) 

ကမ္ဘာ့ကပ်ရောဂါအခြေအနေ သတင်းအချက်အလက်များအရ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၈ သိန်းကျော်ရှိလာပြီး တောင်ကိုရီးယားနိုင်ငံတွင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပြန်လည်တင်းကြပ်နေရကြောင်း သိရသည်။ 

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဩဂုတ် ၂၂ ရက် ဗဟိုဥရောပစံတော်ချိန်(CET)  ၁၄ နာရီ ၀၉ မိနစ် အထိ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂၇၅,၄၉၉ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၉၂၆ ဦး ရှိလာရာ စုစုပေါင်း အတည်ပြုလူနာ ၂၂,၈၁၂,၄၉၁ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၇၉၅,၁၃၂ ဦး အသီးသီး ရှိလာကြောင်း သိရသည်။  

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပေကျင်း စံတော်ချိန် ဩဂုတ် ၂၃ ရက် ၆ နာရီ ၂၇ မိနစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၃,၁၁၀,၇၃၂ ဦး၊  စုစုပေါင်း သေဆုံးသူ ၈၀၂,၆၁၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၅,၆၆၄,၇၃၆ ဦး နှင့် သေဆုံးသူ ၁၇၆,၃၁၇ ဦးရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂)သတင်းအချက်အလက် စုစည်းချက်များ

တောင်ကိုရီးယားနိုင်ငံတွင် ဩဂုတ် ၂၁ ရက် မှ ၂၂ ရက်အထိ ၂၄ နာရီအတွင်း ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၃၃၂ ဦး ရှိရာ ၎င်းမှာ နှစ်ရက်ဆက်တိုက် နေ့စဉ် ထပ်တိုးလူနာ ၃၀၀ ကျော် ရှိလာခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ဗဟိုရောဂါ ကာကွယ်ရေးဌာနက ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကပ်ရောဂါဖြစ်ပွားပြီးနောက် တောင်ကိုရီးယားတွင် ပထမဆုံးအကြိမ်အဖြစ်  မြို့ဒေသ ၁၇ ခုလုံးတွင် အတည်ပြုလူနာ ပေါ်ထွက်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားသည် ကပ်ရောဂါ အမြောက်အမြားပြန့်ပွားမည့် လမ်းဆုံတွင် ရောက်နေခြင်းဖြစ်ပြီး အခြေအနေမှာ ဆိုးဝါးကြောင်း ၊ အစိုးရအနေဖြင့် ဩဂုတ် ၂၃ ရက်မှစ၍ တစ်နိုင်ငံလုံး Social distancing ထားရှိခြင်း ဒုတိယအဆင့် မူဝါဒကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်လူမှုဖူလုံရေး ဝန်ကြီး Park Neung-hooက ပြောကြားခဲ့သည်။ 

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဩဂုတ် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် လုပ်ငန်းများစွာပိတ်သိမ်းလိုက်ရရာ ယခုနှစ် ဧပြီလမှစ၍ ပုံမှန်လစာဝင်ငွေရှိသော ဝန်ထမ်းပေါင်း ၁၈ သန်းကျော်  အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း  အိန္ဒိယ စီးပွားရေး လေ့လာစောင့်ကြည့်ရေးစင်တာ(CMIE)၏ ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းတွေအရ သိရသည်။ 

ကာဂျစ္စတန်နိုင်ငံတွင် ဩဂုတ် ၂၀ ရက်မှစ၍ တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံအား ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကာဂျစ္စတန် COVID-19ရောဂါထိန်းချုပ်ရေး ညွှန်ကြားမှုအဖွဲ့က ဩဂုတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။ ထိုသို့ဆုံးဖြတ်ရခြင်းမှာ ယင်းနိုင်ငံများတွင် COVID-19ရောဂါဖြစ်ပွားသူလျော့နည်းလာခြင်းနှင့် အခြေအနေတည်ငြိမ်လာခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။ 

ဂျာမနီနိုင်ငံတွင် ဩဂုတ် ၂၂ ရက် အသစ်ထပ်တိုးလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၂,၀၃၄ ဦး ထပ်တိုးလာရာ ၎င်းမှ ဧပြီ ၂၅ ရက်နောက်ပိုင်း တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက် စံချိန်သစ်မြင့်တက်ခဲ့ကြောင်း ဂျာမနီနိုင်ငံ RKI သုတေသနဌာန(Robert Koch Institute)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ လက်ရှိ ဂျာမနီနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ ၂၃၂,၀၈၂ ဦး ရှိကြောင်း သိရသည်။ ယူဂန်ဒါနိုင်ငံတွင် အကျဉ်းစခန်းတစ်ခု၌ အကျဉ်းသား ၁၅၃ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ယူဂန်ဒါ ကျန်းမာရေးဝန်ကြီး  Ruth Acengက ဩဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117