Connect with us

WORLD

သိပ္ပံပညာရှင်များ က ဥရောပ နှင့် အမေရိကန် နိုင်ငံ ၏ ကပ်ရောဂါ ထိန်းချုပ်မှု အား ဖြေလျှော့ခြင်းကြောင့် ဒုတိယ အသုတ် ကပ်ရောဂါ ပြန့်ပွားမှု ဖြစ်ပေါ်မည် ကို စိုးရိမ်

အမေရိကန် နိုင်ငံ တွင် ကုန်တိုက်များ ပြန်လည် ဖွင့်လှစ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၈ ရက် (ဆင်ဟွာ)

ပြည်ပသတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိပ္ပံပညာရှင်များ က ဥရောပ တိုက် နှင့် အမေရိကန် နိုင်ငံ ၏ COVID-19 ရောဂါ ပြန့်ပွားမှု ကို တားဆီးရန် ထိန်းချုပ်မှု များအား ဖြေလျှော့ခြင်း အပေါ် လွန်စွာ စိုးရိမ်လာခဲ့ပြီး ဒုတိယ လှိုင်း ရောဂါ ကူးစက်မှု နှင့် သေဆုံးမှု ပြန်လည် ဖြစ်ပွား မည်မှာ သေချာသလောက်ဖြစ်ကြောင်း ၊ ဥရောပ နှင့် အမေရိကန် နိုင်ငံ အစိုးရ တို့က ထိုအချိန် တွင် ပိုမို ပြင်းထန်တင်းကျပ်သည့် ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ချက်များကို ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ AP သတင်းဌာန ၏ မေလ ၆ ရက် ဖော်ပြချက်အရ Columbia University ကူးစက်ရောဂါ နှင့် ခုခံအား သုတေသန စင်တာ က အမေရိကန် နိုင်ငံ အနေဖြင့် ပိုမို အန္တရာယ်များ သည့် ဆောင်ရွက်မှုမျိုးကို ပြုလုပ်နေပြီး ယင်းကဲ့သို့သော ဆောင်ရွက်မှု အား လုံးဝကို လက်မခံနိုင်ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး ကို ကြည့်လျှင် ဂျာမနီ နိုင်ငံ အနေဖြင့် ကပ်ရောဂါ ပြန်လည်ဝင်ရောက်ချိန်တွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို ရေးဆွဲနေကြောင်း ၊ အီတလီ နိုင်ငံ အနေဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူ တို့ ၏ ကိုယ်ရေးအချက်အလက် နှင့် ၎င်းနှင့်ထိတွေ့ဆက်ဆံခဲ့သူများကို တိုးချဲ့ စုံစမ်းစစ်ဆေးနေကြောင်း ၊ ပြင်သစ် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် ကပ်ရောဂါ ထိန်းချုပ်မှု ကို မဖြေလျှော့သည့် အပြင် နောက်အသုတ် ကပ်ရောဂါ ဝင်ရောက်မှု အတွက် ထိန်းချုပ်မှု အစီအစဉ်များကို ရေးဆွဲနေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ တွင် ကုန်တိုက်များ ပြန်လည် ဖွင့်လှစ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် ကုန်တိုက်များ ပြန်လည် ဖွင့်လှစ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် ကုန်တိုက်များ ပြန်လည် ဖွင့်လှစ်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ တွင် ပြည်နယ်တစ်ဝက်ခန့် က စီးပွားရေး ပြန်လည်စတင်ရန် အတွက် ထိန်းချုပ်မှု ကို ဖြေလျှော့ပေးခဲ့ပြီး ပြင်ပ သို့ ထွက်ခွာသူ ပိုမိုများပြားလာသဖြင့် အများပြည်သူကျန်းမာရေး ဌာန အား စိုးရိမ်မှု ဖြစ်ပွားစေခဲ့သည်။

အမေရိကန် နိုင်ငံ ပြည်နယ် အချို့တွင် လူမှုအသိုင်းအဝိုင်း ပြန်လည် ဖွင့်ဟပေးခဲ့သည့် နောက်ပိုင်း တွင် အိုင်အိုဝါ နှင့် မစ်ဆူရီ ပြည်နယ် တွင် ကူးစက်ခံရသူများ ပိုမိုများပြားလာသည် ကို တွေ့ရှိခဲ့ရကြောင်း ၊ ဂျော်ဂျီယာ ၊ တင်နက်စီ နှင့် တက္ကဆက် ပြည်နယ် တို့တွင်လည်း ရောဂါ ထပ်မံ ကူးစက် ခံရသူများ ပြန့်ပွားလာခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117