Connect with us

WORLD

ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီး က COVID-19 ရောဂါပိုး သည် လူမှ တီထွင်ဖန်တီးထားခြင်း မဟုတ်ကြောင်း ပြောကြား

ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီး Matt Hancock အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ မေ ၈ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ ကျန်းမာရေးဝန်ကြီး Matt Hancock က လက်ရှိချိန်တွင် COVID-19 ရောဂါပိုး အား လူမှ တီထွင်ဖန်တီးထားကြောင်း မည်သည့်အထောက်အထား မှ မရှိကြောင်း မေလ ၆ ရက် တွင် ပြောကြား ခဲ့သည်။

Matt Hancock က မိမိ တို့ အနေဖြင့် COVID-19 ရောဂါပိုး နှင့် ပတ်သက်၍ သုတေသန ပြုလုပ် ခဲ့ပြီး ရောဂါပိုး နှင့် ဝူဟန့်မြို့ရှိ ဓာတ်ခွဲခန်း နှင့် ပတ်သက်ဆက်နွယ်သည့် မည်သည့် အထောက်အထား မှ မတွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အမျိုးသား သတင်းအချက်အလက် ဌာနချုပ် ၏ ဧပြီ ၃၀ ရက် ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ သတင်းအချက်အလက် လောက အနေဖြင့် သိပ္ပံဆိုင်ရာ ဘုံသဘောတူညီချက် ရရှိခဲ့ပြီး COVID-19 ရောဂါပိုး မှာ လူမှ တီထွင်ဖန်တီးထား သည့် ရောဂါပိုး မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ အမေရိကန် နိုင်ငံ အမျိုးသား ဓာတ်မတည့်မှု နှင့် ကူးစက်ရောဂါ သုတေသန ဌာန က မေလ ၄ ရက် ၌ လက်ရှိချိန်ထိ COVID-19 ရောဂါပိုး နှင့် တရုတ် နိုင်ငံ ဓာတ်ခွဲခန်း နှင့် ပတ်သက်ဆက်နွယ် သည့် မည်သည့် အထောက်အထား မှ မတွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)