Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁.၆ သန်းကျော် ရှိလာ

ဘရာဇီးနိုင်ငံ Roraima ပြည်နယ် အမေဇုန်မိုးသစ်တောနေ ဒေသခံများအတွက် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဇူလိုင် ၆ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19ရောဂါ ဖြစ်ပွားသူ ၂၆,၀၅၁ ဦး အသစ်ထပ်တိုးလာရာ စုစုပေါင်းအတည်ပြုလူနာ ၁,၆၀၃,၀၅၅ ဦး၊ အသစ်ထပ်တိုး သေဆုံးသူ ၆၀၂ ဦးနှင့် စုစုပေါင်း သေဆုံးသူ၆၄,၈၆၇ ဦး ၊ ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၉၀၆,၂၈၆ ဦး ရှိကြောင်း   ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာန၏ ဇူလိုင် ၅ ရက် ညနေပိုင်းက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဘရာဇီးနိုင်ငံ Roraima ပြည်နယ် အမေဇုန်မိုးသစ်တောနေ ဒေသခံများအတွက် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Roraima ပြည်နယ် အမေဇုန်မိုးသစ်တောနေ ဒေသခံများအတွက် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးလျှင် COVID-19ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ ရောဂါအခြေအနေဆိုးဝါးသည့် São Paulo ပြည်နယ်တွင် စုစုပေါင်း အတည်ပြုလူနာ ၃၂၀,၀၀၀ ကျော်ရှိပြီးသေဆုံးသူ ၁၆,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ Rio de Janeiroနှင့် Cearáပြည်နယ်များတွင်  စုစုပေါင်း အတည်ပြုလူနာ ၁၂၁,၀၀၀ ကျော်နှင့်Pará ပြည်နယ်တွင် ၁၁၃,၀၀၀ ကျော် အသီးသီးရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.