Connect with us

WORLD

အတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ COVID-19ကပ်ရောဂါဖြေရှင်း နိုင်မည်ဟု  ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိ ဆို

ဥရောပသမဂ္ဂ သံတမန်ရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်အရာရှိ Josep Borrell Fontelles အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၄ ရက်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါသည် လူသားအားလုံးရင်ဆိုင်နေရကြရသည့် အန္တရာယ်ဖြစ်ရာ ရောဂါပြန့်ပွါးမှုကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့်လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့်အရာရှိ Josep Borrell Fontelles က မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ရမယ်။အခုအချိန်အခါက ဘက်ပေါင်းစုံလက်တွဲပူးပေါင်းမှုကို အားဖြည့်ရပြီးကပ်ရောဂါကို တိုက်ဖျက်ရမယ့် အရေးကြီးအချိန်အခါပါ။အတူကြိုးပမ်းမှသာ ဒီလူသားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်မယ်”ဟု Josep Borrell Fontellesက ယင်းနေ့တွင်ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် COVID-19ရောဂါ အခြေအနေဆိုးဝါးစဉ်က ဥရောပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအား ကူညီထောက်ပံ့မှုများပြုခဲ့သလို ဥရောပတိုက်တွင် ကပ်ရောဂါ ဗဟိုချက် ဖြစ်ကသည့်အခါ တရုတ်နိုင်ငံကလည်း ကူညီဖေးမ ပံ့ပိုးမှုများပြုလုပ်ပေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့်ကပ်ရောဂါကို အမေရိကန် နိုင်ငံရေးသမားတစ်ချို့ က အရောင်ဆိုးအပုတ်ချပြောဆိုနေမှုကြောင်း၊ထိုလုပ်ရပ်များကို ရှောင်ရှားရန် Josep Borrell Fontelles က တိုက်တွန်းပြောကြားခဲ့သည်။“ကျွန်တော်တို့က ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမီ အပြန်အလှန်ဖေးမရမှာပါ။ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု ၄င်းက ဆိုသည်။ (Xinhua)