Connect with us

WORLD

အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ပညာရှင် က သမ္မတ ထရမ့် ၏ တရုတ် နိုင်ငံ အပေါ် ဝေဖန်မှု သည် လက်တွေ့ဖြစ်ရပ်မှန် နှင့် ကိုက်ညီမှု မရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ပညာရှင် Anthony Fauci အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ မတ် ၂၄ ရက် 

အိမ်ဖြူတော် ၌ ပြုလုပ်သည့် COVID-19 ရောဂါ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ အား ပိုမို လက်တွေ့ ကျပြီး အဓိပ္ပါယ် ရှိစေရန် ကြိုးပမ်းဆောင်ရွက်နေသလို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ COVID-19 ရောဂါ ဆိုင်ရာ ကြေညာချက် အား လက်တွေ့ဖြစ်ရပ်မှန် နှင့် ပိုမို အခြေခံနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း သမ္မတသတင်းစာရှင်းလင်းပွဲသို့ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ပညာရှင် Anthony Fauci ၏ တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ပြောကြားချက်ကို CCTV ရုပ်သံသတင်းက ထုတ်လွှင့်ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၀ ရက် နှင့် ၂၁ ရက် တွင် ကျင်းပ ပြုလုပ်သည့် သတင်စာ ရှင်းလင်းပွဲ ၌ တရုတ် နိုင်ငံ အနေဖြင့် ယခုထက် ပိုမို စောလျှင်စွာ ကပ်ရောဂါ နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ အား အကြောင်းကြား နိုင်ကြောင်း ပြောဆိုမှု နှင့် ပတ်သက်၍ Anthony Fauci က မိမိ အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ အား ၎င်း မှာ လက်တွေ့ ဖြစ်ရပ်မှန် နှင့် ကိုက်ညီမှု မရှိဟု ပြောကြားခဲ့ကြောင်း ၊ သို့သော် မိမိ အနေဖြင့် မည်သို့ မျှ မတတ်နိုင်ခဲ့ဘဲ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားနေသည့် သမ္မတ ကိုလည်း ဖြစ်ရပ်မှန် နှင့် ကိုက်ညီမှု မရှိသဖြင့် တွန်းထုတ်လိုက်ရန်လည်း မရကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ က COVID-19 ရောဂါ နှင့် ပတ်သက် ၍ တရုတ် နိုင်ငံ အား အကြိမ်ကြိမ် နာမည်ဖျက် ပြောဆိုခဲ့သော်လည်း မိမိ အနေဖြင့် ၎င်း ကဲ့သို့ ဘယ်တော့မှ ပြောဆိုလုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ ကူးစက်ရောဂါ ပညာရှင် Anthony Fauci က မိမိ အနေဖြင့် အခက်အခဲ များနှင့် ကြုံတွေ့ခဲ့ရပြီး အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် လူ ၁၀ ဦး နှင့် အထက် စုဝေးမှု ကို ကန့်သတ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း အိမ်ဖြူတော် တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် စင်မြင့်ပေါ်ရှိ အစိုးရ အရာရှိများ နှင့် သတင်းထောက် များ စုစုပေါင်း သည် ၁၀ ဦး ထက် များစွာ ကျော်လွန်နေကြောင်း ၊ မိမိ အနေဖြင့် ၎င်းကဲ့ သို့ စုဝေးခြင်း မပြုလုပ်သင့်ကြောင်း သိသော်လည်း အတတ်နိုင်ဆုံး ကြိုးပမ်း ခဲ့ကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်မှု အပေါ် အသိအမှတ် ပြုပြီး နောက် တစ်ကြိမ် ကျင်းပ ပြုလုပ်မည့် ကပ်ရောဂါ ဆိုင်ရာ အစည်းအဝေး တွင် တရုတ် နိုင်ငံ ၏ ဆောင်ရွက်မှု အတိုင်း ဆောင်ရွက်ရန် အကြံပြုသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ၏ နာမည်ဖျက် ပြောဆိုမှုများ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က မတ်လ ၂၃ ရက် ၌ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ကြိုးပမ်းလုပ်ဆောင်ပေး သဖြင့် ရရှိခဲ့သည့် တန်ဖိုကြီးမား သည့် အချိန် ကို အလာဟသ ဖြုန်းတီး ခဲ့ပြီး အမေရိကန် က ယခု သို့သော အခြေအနေ မျိုး ရောက်ရှိချိန်တွင် တစ်ပါးသူအား နာမည်ဖျက် ပြောဆိုကာ မိမိ အပြစ်အား ခေါင်းရှောင်ရန် ကြံစည်နေကြောင်း ၊ ယင်းကဲ့သို့သော ဆောင်ရွက်မှု က ကျင့်ဝတ် နှင့် ကိုက်ညီမှု မရှိဘဲ တာဝန်ယူမှုလည်း မရှိကြောင်း ၊ ယင်း ဆောင်ရွက်မှု က အမေရိကန် နိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မည်သည့် အကူအညီ မှ ဖြစ်မလာ သလို နိုင်ငံတကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း မည်သည့် အထောက်အကူ မှ မဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.