Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Connect with us

WORLD

COVID-19 ဖြစ်ပွားမှုများကြားမှ ပြည်ပရောက် ကျောင်းသား ၂,၀၀၀ ကျော်ကို တူရကီနိုင်ငံ ပြန်လည်ခေါ်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံမှ ပြန်လာကြသည့် တူရကီနိုင်ငံသားများအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

COVID-19 ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းလိုင်းများ ဆိုင်းငံ့ခဲ့ပြီးနောက် မတ် ၂၅ ရက်အစောပိုင်းတွင် ပြည်ပရောက် တူရကီကျောင်းသား ၂,၇၂၁ ဦးကို အဆုံးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တူရကီ ဒုတိယ သမ္မတ ဖူအက် အို့ခ်တေး (Fuot Oktay) က ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသားများသည် တူရကီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့မှုကြောင့် ဗြိတိန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ ပိုလန်၊အီတလီ၊ အီဂျစ်နှင့် ဆိုက်ပရပ်စ် နိုင်ငံများ၌ သောင်တင်နေပြီး နေရပ်သို့ ပြန်လိုကြသူများဖြစ်ကြောင်း အို့ခ်တေးက တွစ်တာပေါ်တွင် ရေးသားထားသည်။

၎င်းတို့အား တူရကီနိုင်ငံ ဆမ်ဆွန်နှင့် ဆာကာရာ ပြည်နယ်များရှိ အဆောင်များ၌ ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းသည်။ တူရကီနိုင်ငံသည် ပြီးခဲ့သည့်ရက်သတ္တပတ်က နိုင်ငံ ၇ နိုင်ငံမှ ကျောင်းသား ၃,၃၅၈ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cansoglu က ပြောခဲ့သည်။ တူရကီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၁,၈၇၂ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး မတ် ၂၄ ရက်အထိ သေဆုံးသူ ၄၄ ဦးရှိကြောင်း သိရသည်။  (Xinhua)