Connect with us

News

ရုရုား၌ အိုင်အက်စ်(IS) တပ်သားသစ်စုဆောင်းသူ ၅ ဦး ဖမ်းဆီးရမိ

ရုရှားလုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) က မြောက်ပိုင်းကော့ကေးဆပ်ဒေသရှိ Dagestan ပြည်နယ်၌ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုအတွက် တပ်သားသစ်စုဆောင်းရန် ကြိုးပမ်းသူ ၅ ဦးကို ဖမ်းဆီးရမိကြောင်း မတ်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သော မတ်လ ၅ ရက်က ရဲတပ်မှ ပြုလုပ်သည့် စီးနင်းဝင်ရောက်မှုတစ်ခုတွင် Dagestan ပြည်နယ် မြို့တော် Makhachkala ၌ အကြမ်းဖက်အဖွဲ့တပ်သားသစ်စုဆောင်းသူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းဒေသခံများမှ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းရန် အတွက်ဖြစ်ကြောင်း FSB ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) သည် မြောက်ပိုင်းကော့ကေးဆပ်၌ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသည့် အကြမ်းဖက်သမားများထံမှ ဖောက်ခွဲရေးပစ္စည်များ ၊ သေနတ်များ နှင့် ကျည်ဆံများ ကို အရေအတွက် အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Dagestan ပြည်နယ်သည် ပုန်ကန်မှုများဖြစ်ပွားရာဒေသတစ်ခုဖြစ်ပြီး ပဋိပက္ခများဖြစ်ပေါ်လျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသနှင့် နီးကပ်စွာ တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်သည်။၎င်းဒေသ၌ အကြမ်းဖက်တိုက်ခိုက်မှုများသည် လွန်ခဲ့သော နှစ်အတန်ကြာကပင် တစ်ကြော့ပြန် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.