Connect with us

Culture & Entertainment

မိုးရာသီတွင် ငလျင်ဒဏ်သင့်ဘုရားများ အရေးပေါ်ပြုပြင်

ငလျင်ဒဏ်ကြောင့် ပြိုကျနေသော ပုဂံဘုရားအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီပုထိုးများ မိုးရာသီတွင် အရေးပေါ်ပြုပြင်ဆောင်ရွက်နေကြောင်း ငလျင်ဒဏ်သင့်ဘုရားများ ပြုပြင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ငလျင်ဒဏ်သင့်ဘုရားများ ပြုပြင်ခြင်း ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကော်မတီဝင်များက ယခုနှစ် မိုးရာသီကာလတွင် မိုးရေကြောင့် ဘုရား၊ စေတီပုထိုးများ ထပ်မံထိခိုက်မှုမရှိစေရေး အတွက် ပြုပြင်ရန် ကျန်ရှိသည့်ဘုရား၊ စေတီပုထိုးများနှင့် ပတ်သက်၍ အရေးပေါ်ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်းနှင့် အရေးပေါ်ပြုပြင်ရန် လိုအပ်ပါက ချက်ချင်းပြုပြင်နိုင်ရေး အစီအစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံ ၃၈၉ ဆူတွင် ၃၁ဝ ဆူပြုပြင်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း၊ ပြုပြင်ရန် ကျန်ရှိဘုရား၊ စေတီပုထိုး ၇၉ ဆူအနက် ၂၇ ဆူမှာပြုပြင်ဆဲဖြစ်ပြီး ၅၂ ဆူမှာ အရေးပေါ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.