Connect with us

Culture & Entertainment

Miss World ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွင် မြန်မာပြည်ကိုယ်စားပြုယှဉ်ပြိုင်ရန် အလှမယ် မြတ်သီရိလွင် ရွေးချယ်ခံရ

Miss Myanmar World 2016 ဆုရှင် အလှမယ် မြတ်သီရိလွင် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလှမယ် မြတ်သီရိလွင်(ခ) Bella အားရွေးချယ်ခဲ့ကြောင်း သိရသည်။

မယ်ကမ္ဘာ (မြန်မာ) ၂၀၁၆ (Miss Myanmar World 2016 ) ပြိုင်ပွဲကို ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဂန္ဓမာခန်းမ၌ ကျင်းပခဲ့ပြီး မယ်ကမ္ဘာ (မြန်မာ) သရဖူကို မြတ်သီရိလွင်(ခ) Bella ကရရှိခဲ့သည်။

Miss Myanmar World 2016 သရဖူကို အလှမယ် မြတ်သီရိလွင်အား Miss Myanmar World 2015 ခင်ရတနာသိန်းမြင့်မှ တပ်ဆင်ပေးပုံ (ဆင်ဟွာ)

ယခု Miss Myanmar World 2016 တွင် သရဖူဆုရရှိခဲ့သည့် အလှမယ် သည် ၆၆ ကြိမ်မြောက်ကျင်းပမည့် မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မယ်ကမ္ဘာပြိုင်ပွဲသည် မယ်စြင်္ကာဝဠာပြိုင်ပွဲပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အလှမယ်ပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။

Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ)
မယ်ကမ္ဘာ(မြန်မာ) အလှမယ် ကို အလှမယ်ပေါင်း များစွာထဲကမှ အဆင့်ဆင့်ရွေးချယ် ခဲ့ပြီးနောက် ယခုနောက်ဆုံးအဆင့်တွင်မူ စကာတင်အလှမယ် ၂၀ ဦးအနက်မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ)
Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင်အား ကျပ်သိန်း ၃၅၀ ကျော်တန်ဖိုးရှိ ရတနာများစွာနှင့် အလှဆင်ထားသည့် သရဖူအား ချီးမြှင့်ခဲ့ပြီး 1st Runner up အဖြစ် အလှမယ် M Ja Seng (အမ်ဂျာဆိုင်း) နှင့် 2nd Runner up အဖြစ် အလှမယ် လရိပ်ပြာတို့ကရရှိခဲ့သည်။

Miss Myanmar World 2016 ဆုရှင် မြတ်သီရိလွင် နှင့် 1 st Runner up အမ်ဂျာဆိုင်း နှင့် 2nd Runner up လရိပ်ပြာ (ဆင်ဟွာ)
၆၅ ကြိမ်မြောက် Miss World 2015 ပြိုင်ပွဲအားတရုတ်နိုင်ငံ ဟိုင်နန်ကျွန်းတောင်ဘက်ဆုံးမြို့တစ်မြို့ဖြစ်သည် Sanya (ဆန်ရာ) မြို့တွင် ကျင်းပခဲ့ပြီး မယ်ကမ္ဘာ အလှမယ်ဆုအား စပိန်အလှမယ်တစ်ဦးဖြစ်သည့် Mireia Lalaguna Royo (မီရီယာလာလာဂူနာရိုယို) က ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအလှမယ် ခင်ရတနာသိန်းမြင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.