Connect with us

Culture & Entertainment

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ သရဖူကို ရခိုင်တိုင်းရင်းသူ အိကျော့ခိုင်ရရှိ

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2017 တွင် သရဖူရရှိသွားသည့် အလှမယ် အိကျော့ခိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2017၏ သရဖူကို အသက်၂၄ နှစ်ရှိ နံပတ် ၁၇ ရခိုင်တိုင်းရင်းသူ အိကျော့ခိုင်ရရှိခဲ့ကြောင်း ဇွန်လ ၁၀ ရက်တွင်ကျင်းပသောအဆိုပါ ပြိုင်ပွဲ နောက်ဆုံးအဆင့်ရွေးချယ်ပွဲမှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် 1st Runner upဆုကို ဂျာဆိုင်းအိန်က ရရှိပြီး 2nd Runner up ကို အိနုဝေက ရရှိခဲ့သည်။Miss Myanmar World 2017၏ Winner (သရဖူ) ရရှိသူ အိကျော့ခိုင်သည် ဆုကြေးငွေ သိန်းတစ်ရာနှင့်အတူ Forever Gems by Shwe Nan Daw မှ အမေရိကန်ဒေါ်လာ ၂၅ဝဝဝ တန် သရဖူနှင့် Air Asia မှ အမေရိကန်ဒေါ်လာ ၁၇,ဝဝဝ တန်ဖိုးရှိ ခရီးသွားလာခွင့်လက်မှတ်များကို ရရှိခဲ့သည်။

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2017 တွင် သရဖူရရှိသွားသည့် အလှမယ် အိကျော့ခိုင်အား 1st runner up နှင့် 2nd runner up ရရှိသူများနှင့်အတူတွေ့ရစဉ် (ဆင်ဟွာ)

သရဖူဆုရရှိသည့် အိကျော့ခိုင်သည် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် နိုင်ငံတကာအလှမယ်များနှင့် သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ယင်းပြိုင်ပွဲကို စတုတ္ထအကြိမ်မြောက် Miss Myanmar World 2017 ကို Channel-7 Forever Bec-Tero တို့က ပူးပေါင်း စီစဉ်တင်ဆက်ပြီး ဆန်ခါတင်ပြိုင်ပွဲဝင် အလှမယ် ၂ဝ ထဲမှ ရွေးချယ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.