Connect with us

Culture & Entertainment

မိုးကုတ် နှစ် (၈၀၀) ပြည့် ပွဲတော် ကာလ အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား လည်ပတ်ရန် ခွင့်ပြုထား

မိုးကုတ်မြို့အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Hotels and Tourism)

ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

မိုးကုတ် နှစ် (၈၀၀) ပြည့် ပွဲတော် ကာလ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လည်ပတ်ရန် ခွင့်ပြု ထားကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ခရီးသွားကုမ္ပဏီများသည် မိုးကုတ် နှစ်(၈၀၀) ပြည့် ပွဲတော်သို့ သွားရောက်လိုသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အတွက် မန္တလေး-မတ္တရာ-သပိတ်ကျင်း- မိုးကုတ်လမ်းကြောင်းအတိုင်း သွားရောက် လည်ပတ် ခွင့် ရရှိနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည် တွင်းပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနခွဲသို့ အချိန်မီ ခွင့်ပြုချက် ရယူ ဆောင်ရွက် နိုင်ရေး အသိပေးခဲ့သည်။

မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ (မှုံကွင်း) ၌ မတ် ၂၉ ရက်မှ ၃၁ ရက် အထိ ၃ ရက်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.