Connect with us

Culture & Entertainment

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်းပွဲတော် တောင်ကြီးမြို့၌် ကျင်းပမည်

တိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်းပွဲတော် အတွက် ကြေညာထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

တိုင်းရင်းသား လူမျိုးစု များ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုပွဲတော်အား တိုင်းရင်းသားလူမျိုးစုများ၏ စာပေနှင့်ယဉ်ကျေးမှုအမွေ အနှစ်များ အဓွန့်ရှည် တည်တံ့စေရန်၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာအစားအသောက်၊ အဝတ်အထည်နှင့် အသုံး အဆောင်ပစ္စည်းများကို အားပေး မြှင့်တင်ရန် ၊ တိုင်းရင်းသား လူမျိုးစုများ အချင်းချင်း ရင်းနှီး ချစ်ခင်မှုမှ တစ်ဆင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာ အားကောင်း လာစေရန် ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစု များ၏ စာပေနှင့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ဆိုင်ရာ စာတမ်းဖတ်ကြားမှုများနှင့် ပြခန်းများ၊ ရိုးရာ အစားအသောက်ပြပွဲ၊ ဈေးရောင်းပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စာတမ်းဖတ်ပွဲတွင် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းလုံ (ရှမ်းကြီး)၊ ဂုံရှမ်း၊ တိုင်းခမ်းတီ၊ တိုင်းဆာ (ခ) မိုင်းတာ၊ တိုင်းလိုင်(ရှမ်း)၊ တိုင်းနေ(ရှမ်း)၊ ‘ဝ’၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တအာင်း(ပလောင်)၊ ကိုးကန့်၊ ကချင်၊ ကယန်း၊ ယင်းနက်၊ ယင်းကျား၊ တောင်ရိုး၊ ထနော့၊ လီဆူ၊ အာခါ၊ လားဟူ၊ အဲန် စသည့် တိုင်းရင်းသား လူမျိုးစု များ၏ စာပေနှင့်ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ဆိုင်ရာ စာတမ်းပေါင်း ၂၆ စောင်ကို တောင်ကြီးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌် ဖတ်ကြားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအသုံးအဆောင်ပစ္စည်းများပြခန်း၊ ရိုးရာအစား အသောက်ပြပွဲနှင့် ဈေးရောင်းပွဲများ အပြင် ရိုးရာယဉ်ကျေးမှု အကအဖွဲ့ ၄၅ ဖွဲ့နှင့် ခေတ်ပေါ်စင်တင် တေးဂီတတို့၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တောင်ကြီး မြို့ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မည်သူမဆို လာရောက် ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.