Connect with us

Culture & Entertainment

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပ

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၃ရက်(ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦတင်မောင်ထွန်း၊ဒုတိယဥက္က္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင် ၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စဝမ်ကျန်းဟုန်နှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ၊မြန်မာပန်းချီပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင်နှင့် ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး မစ္စဝမ်ကျန်းဟုန်တို့က အဖွင့်အမှာစကား အသီးသီးပြောကြား ခဲ့ကြသည်။

ထို့သို့အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင် က ယနေ့ကျင်းပသည့် ယူနန်ပန်းချီပြပွဲသည် ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာက အများပြည်သူလေ့လာ ကြည့်ရှုရန် ဖွင့်လှစ်ပေးသည့် ပထမဆုံးပွဲဖြစ်ကြောင်း၊ ပြပွဲတွင် ပြသထားသည် တရုတ်ယဉ်ကျေးမှုပန်းချီ အနုပညာလက်ရာများကို လေ့လာကြည့်ရှုကာ တရုတ်-မြန်မာ ပန်းချီပညာရှင်များ အပြန်အလှန်နှီးနှောဖလှယ် သင်ယူနိုင်ကြမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာပန်းချီပညာရှင်များ၏ ပန်းချီလက်ရာများကို တရုတ်ယဉ်ကျေးမှု စင်တာတွင် ပြသနိုင်ကြောင်း၊ တရုတ်နိုင်ငံသို့ သွားရောက်ပြသရန်လည်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” တွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး မစ္စတာ ထျန်ဆန့်ထင်က အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စဝမ်ကျန်းဟုန် အဖွင့်အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ” ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆက်လက်၍ ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စဝမ်ကျန်းဟုန်က တရုတ်-မြန်မာ နှစ်နိုင်ငံ၏ချစ်ကြည်ရေးသည် ရှေးပဝေသဏီကတည်းက နက်ရှိုင်းစွာတည်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သည် မြန်မာနိုင်ငံနှင့်ပထဝီအနေအထားအရ ဆက်စပ်နေသောကြောင့် စီးပွားရေး၊ကုန်သွယ်ရေး ယဉ်ကျေးမှုဖလှယ်ရေးအသွားအလာပိုများကြောင်း ၊ တူညီနီးစပ်သောရိုးရာယဉ်ကျေးမှုများရှိသောကြောင့် သမိုင်းအစဉ်အဆက်ကတည်းက ပိုမိုရင်းနှီးသည့်ချစ်ကြည်ရေးရှိကြောင်း ၊ ယခုကျင်းပသည့် ပန်းချီပြပွဲတွင် ယူနန်ပြည်နယ်၏ယဉ်ကျေးမှု၊သဘာဝအလှအပများ၊ ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်ဝါဒကျင့်သုံးသည့် နှစ် ၄၀ ကာလအတွင်း အောင်မြင်မှုများကို သရုပ်ဖော်ရေးဆွဲထားသော နာမည်ကျော်ပန်းချီပညာရှင်များ၏ ပန်းချီလက်ရာများပြသထားခြင်းဖြစ်ကြောင်း၊ ဤပြပွဲကတစ်ဆင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး စာမျက်နှာသစ်ကို လျှောက်လှမ်းနိုင်ပြီး အပြန်အလှန်နားလည်မှုများ တစ်ဆင့်တိုးပွားကာ ပိုမိုခိုင်မြဲသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ယူနန်အလှ တရုတ်ပန်းချီပြပွဲ”တွင် ယူနန်နာမည်ကျော်ပန်းချီပညာရှင်များ၏ လက်ရာမြောက်ပန်းချီ ၃၀ ကျော်ကို ခင်းကျင်းပြသထားရာ လူပုံ၊ တောတောင်ရေမြေသဘာဝအလှရှုခင်းပုံ၊ ကျေးငှက်ပန်းမံပုံတို့ဖြင့် ယူနန်အား သရုပ်ဖော်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပန်းချီပြပွဲကို ယူနန်ပြည်နယ်ယဉ်ကျေးမှုဦးစီးဌာနနှင့် ရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာမှ ကြီးမှူးကျင်းပပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုဦးစီးဌာန ပြည်ပဆက်ဆံရေးဌာန၊ ယူနန်ပန်းချီအကယ်ဒမီ၊ ယူနန်ပန်းချီအနုပညာပြတိုက်တို့မှ တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း၊ ၎င်းပြပွဲကို ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.