Connect with us

Culture & Entertainment

နိုင်ငံတကာ အဆင့်မီ ဖျော်ဖြေရေး ပွဲကြီးများ ကျင်းပနိုင်မည့် အနုပညာ ဗဟိုဌာနများကို ၆လ အတွင်း တည်ဆောက်မည် ဟုဆို

တရုတ်အမျိုးသား ဂျွမ်းဘားအဖွဲ့မှ ရန်ကုန်မြို့အမျိုးသား ဇာတ်ရုံတွင်လာရောက် ဖျော်ဖြေဖျေနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် နိုင်ငံတကာ အဆင့်မီ တေးဂီတပွဲ ကဲ့သို့ ဖျော်ဖြေရေး ပွဲကြီးများ ကျင်းပနိုင်မည့် အနုပညာ ဗဟိုဌာနများကို ၆ လအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဌ ဦးအေးကြူလေးက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

အမျိုးသား ကဇာတ်ရုံဟာ လူဦးရေ ၁,၀၀၀ လောက်သာ ဆန့်သည့်အတွက် နိုင်ငံတကာတွင် ကျင်းပလျက်ရှိသည့် တေးဂီတပွဲတို့ကဲ့သို့ ပွဲကြီးများအား ကျင်းပနိုင်ခြင်း မရှိသေးကြောင်း၊ ယခု ဗဟိုဌာန ဖွင့်လှစ်ပြီးလျှင် ဖျော်ဖြေ ပွဲကြီးများ ကျင်းပနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

ဦးအေးကြူလေးက “အနုပညာ ဗဟိုဌာနတွေကို ၆လ နဲ့ အပြီး တည်ဆောက်နိုင်ဖို့ အတွက် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် သွားမယ်ဆိုပြီး အစိုးရအဖွဲ့က ပြောထားတာ ရှိပါတယ်’’ ဟု ပြောသည်။

အဆိုပါ မြန်မာ့ အနုပညာ ဗဟိုဌာန (ရန်ကုန်) အဆောက်အဦကို ရန်ကုန် တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်း ရပ်ကွက်၊ စော်ဘွားကြီးကုန်း လမ်းဆုံ အနီး၊ လမ်းသစ် လမ်းမပေါ်ရှိ မြေဧက (၇.၈၅) ဧကတွင် တည်ဆောက်မည် ဖြစ်ပြီး အမြင့်ပေ ၁၀၀ ခန့်၊ အထပ် ၇ ထပ် ပါဝင်မည် ဖြစ်ကာ လူ ၃,၀၀၀ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ပရိသတ် (၅,၀၀၀)ခန့် ကြည့်ရှုနိုင်မည့် ပြင်ပ ပွဲကြည့်စင်နှင့် ဖျော်ဖြေရေး စင်မြင့်တို့ တွဲဖက် ဆောက်လုပ်မည် ဖြစ်ကာ စားသောက်ဆိုင်များ၊ မြန်မာ့ အနုပညာ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များနှင့် ယာဉ်ရပ်နားရန် နေရာများကိုလည်း ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးအေးကြူလေးက “ ဒီလို ဗဟိုဌာနတွေ ဖွင့်လာတဲ့ အတွက် အော်ပရာပွဲတွေ၊ တေးဂီတပွဲ တွေကို ကျင်းပနိုင်မှာ ဖြစ်သလို နိုင်ငံတကာ အဆင့်မီ ပွဲကြီးတွေကိုလည်း ကျင်းပနိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။အဆိုပါ ဗဟိုဌာန များတွင် ဇာတ်ရုံအသေးစား ၈ခု ပါရှိမည်ဖြစ်ပြီး တစ်ခုတွင် လူ ၃၀၀ ဆန့်မည်ဟု ၎င်းက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117