Connect with us

Culture & Entertainment

သြင်္ကန်မဏ္ဍပ်များအတွက်ရွေ့လျားသန့်စင်ခန်းများငှားရမ်းပေးမည်

ရန်ကုန်မြို့ရှိမဏ္ဍပ်တစ်ခုအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊မတ်၂၇ရက်(ဆင်ဟွာ)

မဟာသြင်္ကန်ပွဲတော်အတွင်း သြင်္ကန် မဏ္ဍပ်များတွင်အသုံးပြုနိုင်မည့် ရွေ့လျား သန့်စင်ခန်းများကိုငှ ား ရမ်းပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနမှ သိရသည်။

အဆိုပါရွေ့လျားသန့်စင်ခန်းများကိုယမန် နှစ်က တစ်ရက်လျှင် ငွေကျပ် ၁၀,၀၀၀ ဖြင့် ငှားရမ်းပေးခဲ့ပြီး ယခုနှစ်တွင် ဈေးနှုန်းမသတ်မှတ်ရသေးကြောင်း၊ ယင်းရွေ့လျားသန့်စင်ခန်းများကိ ု ယမန်နှစ်မှ စတင် ကာ အသံ ုးပြုခွင့်ပေးခဲ့ပြီး ယခုနှစ်တွင် ဆက်လက်သုံးစွဲခွင့်ပြုသွ ားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသန့်စင်ခန်းများအသုံးပြုရာတွင် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေးအတွက် ကျင်းတူးကာ သန့်စင်ခန်းများပြုလုပ်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ လက်ရှိတွင် ရွေ့လျားသန့်စင်ခန်းများ အသံ ုးပြုနိုင်စေရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။

ယခုနှစ်တွင် ကမ္ဘ ာအေးဘုရားလမ်းမပေါ် ၌ သြင်္ကန်မဏ္ဍပ်ကိုးခု၊ ကန်တော်ကြီးပတ် လမ်း၌ သြင်္ကန်မဏ္ဍပ်ကိုးခု၊ ပါရမီလမ်း၌ မဏ္ဍပ်သံ ုးခု၊ စက်မှု(၁)လမ်း၌ မဏ္ဍပ်သုံးခု နှင့် ဆရာစံလမ်း၌ မဏ္ဍပ်တစ်ခုတု့ိ ကိုတည် ဆောက်ခွင့်ပြုရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.