Connect with us

Culture & Entertainment

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပထမအကြိမ် တရုတ်ဘာသာစကား အွန်လိုင်းသင်တန်းဖွင့်လှစ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပထမအကြိမ် အစိုးရဝန်ထမ်း တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားအား Video conference စနစ်ဖြင့် ကျင်းပစဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar )

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပထမအကြိမ် အစိုးရဝန်ထမ်းများအတွက် တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်တွင် Video conference စနစ်ဖြင့် နေပြည်တော်၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ယဉ်ကျေးမှုသံမှူး Mr. Pan Feng က တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးထံမှ သိရသည်။

ယဉ်ကျေးမှုသံမှူး Mr. Pan Feng က တရုတ်ဘာသာစကားသင်တန်းအောင်မြင်စွာဖွင့်လှစ်မှုကို ဂုဏ်ပြုခဲ့ပြီး လူငယ်မျိုးဆက်များသည် ယဉ်ကျေးမှုကူးလူးဖလှယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်ကို ခိုင်မာမြှင့်တင်ရေး၏ အရေးပါအင်အားဖြစ်ကြောင်း၊ ယခုအကြိမ် တရုတ်ဘာသာစကားသင်တန်းသည် နှစ်နိုင်ငံအပြန်အလှန်သင်ယူအတုယူမှုနှင့် ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများက တရုတ်ဘာသာစကားကို ကောင်းမွန်စွာလေ့လာသင်ယူပြီး နှစ်နိုင်ငံလူမှုရေး ကူးလူးဖလှယ်မှုတွင် တက်တက်ကြွကြွပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအထိ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများအတွက် အစိုးရဝန်ထမ်း တရုတ်ဘာသာစကားသင်တန်းအကြိမ်ပေါင်း ၄၆ ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသားသင်တန်းသူဦးရေပေါင်း ၁,၂၀၀ ကျော် တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တရုတ်ဘာသာစကားသင်တန်း ကူညီဖွင့်လှစ်ပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံက ယဉ်ကျေးမှုကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် နက်ရှိုင်းသည့်သံယောဇဉ်ရရှိပြီးဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်များ ကူးလူးဖလှယ်လေ့ကျင့်မှုသည် တရုတ်-မြန်မာ ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုအတွက် အထောက်အကူဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ELBC ကွန်ဖြူးရှပ်စာသင်ခန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းနှင့် သင်တန်းသားကိုယ်စားလှယ်ကလည်း အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ELBC ကွန်ဖြူးရှပ်စာသင်ခန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မှ သင်တန်းသားသင်တန်းသူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.