Connect with us

Culture & Entertainment

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် နေအိမ်ပြတိုက် (နတ်မောက်) တို့အား ၇၅ နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲနေ့တွင် လာရောက်လေ့လာနိုင်

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)အား ပြည်သူများ လာရောက်လေ့လာနေကြစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား လေ့လာလိုသူများအနေဖြင့် ဇူလိုင် ၁၉ ရက် မှ ၂၁ ရက်အထိ ကျင်းပမည့် ၇၅နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲနေ့တွင် https://register.generalaungsanmuseum.com/ သို့ဝင်ရောက်၍ အွန်လိုင်းမှတဆင့် မှတ်ပုံတင်စာရင်းပေးသွင်းခြင်းပြုလုပ်နိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၆ ရက်တွင် ပြောသည်။

ဦးအာကာကျော်က “ပြည်သူတွေကိုလာရောက်လေ့လာစေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်က ရန်ကုန်မှာရှိတယ်။ နတ်မောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကိုလည်း ပုံစံမပျက်နေရာချထားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်တယ်။ ဗိုလ်ချုပ်ဖတ်ခဲ့တဲ့စာအုပ်တွေ အပါအဝင် ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ပုံစံကို အညွှန်းတွေနဲ့ ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ အငွေ့အသက်လေးတွေကို ခံစားနိုင်အောင် ခင်းကျင်းပြသထားတယ်။ အဲဒီအတွက် အချိန်ယူပြီး ပြုပြင်မွမ်းမံမှုတွေ ဆောင်ရွက်ထားပါတယ်’’ ဟုပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အားတွေ့ရစဉ် (ဓာတ်ပုံ–သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ပြီးခဲ့သည့် ၂ နှစ်တွင် COVID-19 အခြေအနေကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား Online Exhibition အနေဖြင့် ပြသခဲ့ကြောင်း ၎င်းကဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) အားတွေ့ရစဉ် (ဓာတ်ပုံ–သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

“အွန်လိုင်းကနေ ကြိုတင် registration မလုပ်ပဲ ဒီအတိုင်းဝင်ရောက်ကြည့်ရှုချင်တဲ့ သူတွေအတွက်လည်း ကျွန်တော်တို့ အနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို အွန်လိုင်းကနေ ကြိုတင်လျှောက်ထားရင်လည်း ဝင်ခွင့်အတွက် ကြိုတင်ရထားပြီးသားဖြစ်လို့ တိုက်ရိုက်ဝင်နိုင်အောင်ကြိုတင်ပြင်ဆင်ထားတာပါ။ မှတ်ပုံတင်တဲ့အခါ ကြန့်ကြာမှု မရှိစေဖို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။’’ ဟု ၎င်းက ဆက်ပြောသည်။

ပြတိုက်အား နံနက် ၉ နာရီ မှ ၄ နာရီ အထိ ဖွင့်လှစ်ပြသထားမည်ဖြစ်ကြောင်း သိရသည်။ ပုံမှန်နေ့ရက်များတွင်လည်း ပြည်သူများအနေဖြင့် ပြတိုက်အား အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး နိုင်ငံခြားသားများအနေဖြင့် ဝင်ကြေး ၅,၀၀၀ ကျပ်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.