Connect with us

Education & Health

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ကတ်များ စတင်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်များအား မတ် ၂၄ ရက်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနောင်က ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင်ပြောသည်။ဦးဌေးနောင်က “တစ်နိုင်ငံလုံးက ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်တွေကို စတင်ထုတ်ယူနေကြပါပြီ။ ဖြေဆိုဖို့အတွက် လျှောက်ထားကျောင်းသား၊ ကျောင်းသူ ဦးရေက ၃သိန်း ကျော်ရှိတော့ အဲဒီကလေးတွေ အားလုံးကတ် တွေထုတ်ယူကြမှာပါ’’ ဟု ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်ကို ဖြေဆိုသည့်အချိန်တွင် တပါတည်းယူဆောင်လာရမည်ဖြစ်သည်။

“ကလေးတွေအတွက် ကောင်းမွန်စွာ စာမေးပွဲဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ သေချာစီစဉ်ထားပြီးဖြစ်ပါတယ်။ လုံခြုံရေးအပါအဝင် အားလုံးကို သေချာစွာ စီမံဆောင်ရွက်ထားပါတယ်’’ ဟု ဦးဌေးနောင် က ဖြည့်စွက်ပြောကြားသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၂ ခုနှစ်၊ မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.