Connect with us

Education & Health

ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးပြော

ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အဖွင့်စကား ပြောကြားစဉ် (ဆင်ဟွာ) အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အချို့ ကျောင်းများတွင် ကျောင်းသားကျောင်းသူများ မအိပ်မနေစာကျက်နိုင်ရန်အတွက် မူးယစ်ဆေး၀ါးမှန်း မသိဘဲ ဆေး၀ါးများ တိုက်ကျွေးနေခြင်းကို ကြားသိရသောကြောင့် ကျောင်းသားများကို အားဆေးမတိုက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်သည်။

“ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ဖို့ဆိုရင် မိဘနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ လုပ်လို့မရပါဘူး၊ ယနေ့ခေတ်ကြီးမှာ ဆရာကြီးဆရာမကြီးများ သိကြတဲ့အတိုင်း ကျောင်းတွေရဲ့ပတ်ဝန်းကျင်၊ လူငယ်တွေရဲ့ပတ်ဝန်းကျင်၊ ကျောင်းသားကျောင်းသူတွေရဲ့ပတ်ဝန်းကျင်မှာ မူးယစ်ဆေး၀ါးအန္တရာယ်၊ ဆေးလိပ်၊ အရက် ဘီယာတွေရဲ့ အန္တရာယ်က အများကြီးရှိနေတယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။

အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ ့ (ဇန်နဝါရီ ၂ရက်)တွင် ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ၂၀၁၉/၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းသို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်နယ်၊ ခရိုင်၊ ၊မြို့နယ်ပညာရေးမှူးများ၊အခြေခံပညာ အထက်တန်း ၊ အလယ်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117