Connect with us

Education & Health

ဆေးဝါးအတုများ၊ စံမမီဆေးဝါးများကို FDA က ဖော်ထုတ်နိုင်တော့မည်ဟုဆို

USAIDS, Office of Public Health မှ Director Ms. Karen Cavanaugh က ISO/ IEC 17025 : 2005 Accreditation Certification အား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ထံ ပေးအပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး ဓာတု ဓာတ်ခွဲခန်းသည် နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditition ကို ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ရရှိခဲ့သဖြင့် ဆေးဝါးအတုများ၊စံချိန် မမီ ဆေးဝါးများကို မှန်ကန်စွာ ဖော်ထုတ်နိုင်ပြီဟုနေပြည် တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဓာတုဓာတ်ခွဲခန်းတွင်ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ISO/ IEC 17025 : 2005 ရရှိမှုအတွက် သတင်းစာ ရှင်းပွဲတွင် ၎င်းဌာန၏ ညွှန်ကြားရေးမှူ းချုပ် ဒေါက်တာ သန်းထွဋ်က ပြောကြားခဲ့သည်။

“၂၀၁၅ ခုနှစ်က စပြီး ရန်ကုန်နဲ့နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါး ဓာတု ဓာတ်ခွဲခန်းတို့ကို နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditition ရရှိရန် GIZ, UNIDO အဖွဲ့အစည်းများရဲ့ အကူအညီ ရယူပြီး စတင်ကြိုးပမ်းခဲ့ပါတယ်၊ ဝန်ကြီးဌာနရဲ့ မှန်ကန်သော လမ်းညွှန်မှုနဲ့ စိတ်အား ထက်သန်မှုတို့ကြောင့် အမေရိကန်မှ ANAB (American National Accreditation Body) လက် အောက်ရှိ ANSI – ASQ National Accreditation Board သည် ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ရရှိခဲ့ပြီး ၎င်းတို့ရဲ့ official website မှာ ကြေညာခဲ့ပါတယ်၊ ဒီအတွက် မြန်မာနိုင်ငံ FDI ရဲ့ ဓာတ်ခွဲခန်း အဖြေတွေကို နိုင်ငံတကာက ယုံကြည် လက်ခံမှာ ဖြစ်ပြီး ဆေးဝါးအတုများ၊ စံချိန် မမီ ဆေးဝါးများကို မှန်ကန်စွာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် ISO/ IEC 17025 : 2005 ရရှိမှုအတွက် သတင်းစာ ရှင်းပွဲတွင် ၎င်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် အဖွင့် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသည် ပြည်သူများ ဘေးကင်း လုံခြုံ ပြီးအရည်အသွေး ပြည့်မီသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ ဆေးပစ္စည်းများ သုံးစွဲနိုင်ရန် အတွက် တာဝန်ယူထမ်းဆောင်နေရသည့် ဌာန ဖြစ်ကြောင်း၊ ၎င်း ဌာန လက်အောက်ရှိ ဓာတ်ခွဲခန်းများကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်ကြီးဇေယျာလမ်း သို့ပြောင်းရွှေ့ပြီး နောက်ပိုင်း ဓာတ်ခွဲခန်းများကို အဆင့်မြှင့်တင် ပြုပြင်ခဲ့ပြီး နိုင်ငံတကာ အဆင့် မီစေရန်နှင့် နိုင်ငံတကာက အသိ အမှတ် ပြုသည့် ဓာတ်ခွဲအဖြေများ ရရှိရန် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ ဓာတ်ခွဲ ကျွမ်းကျင် အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ ပူးပေါင်း ေဆောင်ရွက်ခဲ့ရာ USP(PQM), USAID, UNOPS, GIZ, UNIDO နှင့် WHO တို့ထံမှအထောက်အပံ့အကူအညီများ ရရှိခဲ့ကြောင်း၊၂၀၁၄ ခုနှစ် မတ်လမှ စ၍ Project Agreement ပြုလုပ်ခဲ့ပြီး ထို Agreement အရ USP(PQM) က ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်သူများ ၁၅ ကြိမ်ခန့်လာရောက်ခဲ့ကာ သင်တန်းများ ပို့ချ၍ နိုင်ငံတကာ အသိအမှတ်ပြု ISO 17025 Accreditition ကို ၂၀၁၇ ခုနှစ်တွင် ရရှိရန် စီမံကိန်းများ ချမှတ်ပြီး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း လည်း ညွှန်ကြားရေးမှူးးချုပ် ကရှင်းပြသည်။

နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် ISO/ IEC 17025 : 2005 ရရှိမှုအတွက် သတင်းစာ ရှင်းပွဲတွင် – USAIDS, Office of Public Health မှ Director Ms. Karen Cavanaugh ကျေးဇူးတင် စကားပြောကြားစဉ် (ဆင်ဟွာ)

ထိုသို့ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးးချုပ်ဒေါက်တာ ခင်ချစ်က “ဌာနရဲ့ ဂုဏ်သိက္ခာနဲ့ဝင်ငွေ တိုးလာမယ်၊ ဝန်ထမ်းတွေရဲ့ အရည်အသွေးလည်း တက်လာတယ်၊ စက်ပစ္စည်း တွေရဲ့ အဖြေက တိကျလာတယ်၊ ဓာတ်ခွဲ စမ်းသပ်မှု စနစ်တွေ ခေတ်မီ တိုးတက်လာပြီး စားသုံးသူတွေရဲ့ ယုံကြည် ကိုးစားမှုတွေ ရရှိလာတယ်၊ နောက်ပြီး နိုင်ငံတကာက အသိအမှတ်ပြု လက်ခံလာတဲ့ အကျိုးတွေ ရလာပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခု ရရှိလာသည့် အခြေအနေများကို ဆက်လက် တိုးတက်အောင် ထိန်းသိမ်း ကြိုးပမ်းမည် ဖြစ်ကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားသည် အတိုင်းအတာ ကို ပိုမို ကျယ်ပြန့်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် WHO ၏ ဆေးဝါးဆိုင်ရာ စံချိန် စံညွှန်း အဆင့်အတန်းမီသည့် WHO က အသိအမှတ်ပြု လက်မှတ်ရသည် အထိ ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းပွဲသို့ USAIDS, USP(PQM), GIZ, PTB, UNOPS နှင့် WHO တို့မှ ကိုယ်စားလှယ်များ၊ ဆက်စပ်နေသည့် အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး USAIDS, Office of Public Health မှ Director Ms. Karen Cavanaugh က ISO/ IEC 17025 : 2005 Accreditation Certification အား ညွှန်ကြားရေးမှူးးချုပ် ဒေါက်တာ သန်းထွဋ်ထံ ပေးအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.