Connect with us

Education & Health

အာရှ တက္ကသိုလ်များ ကွန်ရက်နှင့် မဲခေါင် တက္ကသိုလ်များ ကွန်ရက် တွင် ရန်ကုန်တက္ကသိုလ်အား ပါဝင်ရန် ကမ်းလှမ်းထား

ရန်ကုန် တက္ကသိုလ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

အာရှ တက္ကသိုလ်များ ကွန်ရက်နှင့် မဲခေါင် တက္ကသိုလ်များ ကွန်ရက် စသည့် နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများ ဖော်ဆောင်ရာတွင် ပူးပေါင်း ပါဝင်ရန် တောင်ကိုရီးယား နိုင်ငံနှင့် ပြည်ပ တက္ကသိုလ်တချို့ တို့ရှိ ဦးဆောင် တက္ကသိုလ်များမှ ရန်ကုန် တက္ကသိုလ်အား တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ် ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အာရှ တက္ကသိုလ်များ ကွန်ရက်အဖြစ် ဖွဲ့စည်း တည်ထောင်ရန် စီစဉ်ထားသော Asian Campus Complexity Network ကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ နာမည်ကြီး ထိပ်တန်း တက္ကသိုလ်များမှ ဦးဆောင်ကြမည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများမှ တက္ကသိုလ် များအား ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ထားရာ မြန်မာနိုင်ငံရှိ ရန်ကုန် တက္ကသိုလ် ကိုလည်း အဆိုပါ ကွန်ရက်တွင် ပါဝင် ဆောင်ရွက်ရေး အတွက် Global Gateway University (GGU) မှ ကမ်းလှမ်း ထားခြင်း ဖြစ်သည်။

Global Gateway University (GGU) အနေဖြင့် ရန်ကုန်တက္ကသိုလ် နှင့် သီးသန့် ပူးပေါင်း ဆောင်ရွက်ကာ ခေါင်းဆောင်မှု ပညာရပ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ် စသည့် ဘာသာရပ် များနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ်၌ လာရောက် သင်ကြားပို့ချရန် အစီအစဉ် ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် တို့သည် အာဆီယံ တက္ကသိုလ်များ ကွန်ရက် (Asian University Network) တွင် အဖွဲ့ဝင်များ အဖြစ် ဝင်ရောက်ထား ကြသော တက္ကသိုလ်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117