Connect with us

MYANMAR

စားသောက်ကုန် နှင့် ကျန်းမာရေး ဖြည့်စွက်စာများအား အထောက်အထားမရှိဘဲ COVID-19 အားကာကွယ်နိုင်ကြောင်း ကြော်ငြာပါက အရေးယူမည်

နှာခေါင်းစည်းဖြင့် သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) 

အသင့်ထုပ်ပိုးထားသော စားသောက်ကုန် နှင့် ကျန်းမာရေး ဖြည့်စွက်စာများ အား ကူးစက်မြန် COVID-19 ရောဂါအား ဆေးပညာဆိုင်ရာ သိပ္ပံနည်းကျ အထောက်အထားမရှိဘဲ ကြိုတင်ကာကွယ်နိုင်သည်ဟူသော ကြော်ငြာရောင်းချခြင်းများကို စီမံခန့်ခွဲမှု နည်းလမ်းများအရ သော်လည်းကောင်း၊ အမျိုးသားအစားအသောက်ဥပဒေအရသော်လည်းကောင်း  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အဖွဲ့ဝင်) ပါမောက္ခ ဒေါက်တာခင်ဇော် က ဆင်ဟွာကို ဧပြီ ၁၀ ရက်တွင်ပြောသည်။

ပါမောက္ခဒေါက်တာခင်ဇော်က “ဖြည့်စွက်စာတွေ က အလွန်အကျူး ကြော်ငြာလို့ မရဘူး။ COVID-19 နဲ့ ပတ်သက်ပြီး အလွန်အကျူးကြော်ငြာတာတွေ ထပ်ထွက်လာတယ်။ အခု COVID-19 နဲ့ ပတ်သက်ပြီး ဖြည့်စွက် စာ အနေနဲ့ ရောဂါပျောက်ကင်းတယ် ဆိုပြီး လုပ်နေတာ တွေ ရှိတယ်။ ဒါကို အရေးယူထားတာတွေရှိတယ်။  အဲ့ဒါတွေ သောက် လို့ COVID-19 ရောဂါ ကို ပျောက်တယ်ဆိုပြီး အလွဲ ယုံကြည်မှု တွေ ဖြစ်မှာစိုးလို့ ကျွန်တော်တို့ အနေနဲ့ အသိပေးကြေညာချက် ထုတ်ပြန်ထားတာလည်းရှိပါတယ်’’ ဟုပြောသည်။

အဆိုပါစားသောက်ကုန် နှင့် ကျန်းမာရေးဖြည့်စွက်စာများ အား အထောက်အထားမရှိဘဲ COVID-19 အားကာကွယ်နိုင်ကြောင်း၊ ပျောက်ကင်းနိုင်ကြောင်း တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေကြော်ငြာခြင်း  မပြုလုပ်ရန် နှင့် ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)