Connect with us

Education & Health

အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်ထွက်ရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆို

ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကြည့်ရှုနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) 

အခြေခံပညာ Grade-1 မှ Grade-9 အထိ အောင်စာရင်းများကို ဇွန်လဒုတိယပတ် နောက်ပိုင်းတွင်ထွက်ရှိနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ ကို ဇွန် ၅ ရက်တွင် စတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မေ ၂၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။

ဦးကိုလေးဝင်းက “Grade-1 ကနေ Grade-9 အထိ အောင်စာရင်းတွေ ကထွက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ COVID-19 ရောဂါ ကာလ လည်းဖြစ်တဲ့ အတွက် အန္တရာယ်အကင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကတော့ သြဂုတ်လ ပထမပတ် နဲ့ဒုတိယပတ်လောက်ထွက်နိုင်အောင် ဆောင်ရွက်နေပါတယ်။ အတိအကျရက်တော့ မထွက်သေးပါဘူး’’ ဟု ဆိုသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် ၂၁ ရက်မှစတင်ဖွင့်လှစ်ရန် မေ ၂၅ ရက်က ပညာရေးဝန်ကြီးဌာနသို့ ညွှန် ကြားခဲ့ခြင်းဖြစ်ကြောင်း၊ အထက်တန်း အဆင့် အတန်းနှစ်တန်းကို စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးကိုလေးဝင်းက “အထက်တန်းဖွင့်မယ်။ အထက်တန်းဖွင့်ပြီး ၂ ပတ်ခွာပြီး အလယ်တန်းဖွင့်မယ်။ အလယ်တန်းဖွင့်ပြီး ၂ ပတ်ခွာပြီး မူလတန်းဖွင့်မယ်’’ ဟု ဆက်လက်ရှင်းပြသည်။

ကျောင်းဖွင့်မည့်အချိန်၊ အောင်စာရင်းထွက်မည့်အချိန်များတွင်  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအား လိုက်နာ၍ ပူးပေါင်းဆောင်ရွက်ကြရန်  ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။  (Xinhua)