Connect with us

Education & Health

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ၏ အမှတ်စာရင်းများကို ဇွန်၂၁ရက်တွင် စတင်ထုတ်ပေးလျက်ရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးထွက်လာသော ကျောင်းသား၊ ကျောင်းသူများ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အမှတ်စာရင်းများကို ဇွန်လ (၂၁) ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနောင်က ဆင်ဟွာသို့ ယနေ့ ဇွန် ၂၂ ရက်တွင်ပြောသည်။ဦးဌေးနောင်က “ဝေးလံခေါင်ဖျားဒေသက ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အမှတ်စာရင်းတွေ ကို စာတိုက်ကနေ လျှောက်ထားလို့ရပါတယ်။ အမှတ်စာရင်းထုတ်တာကြတော့ တချို့ မနေ့ကစပြီး ထုတ်တာလည်းရှိတယ်။ တချို့ကအေးအေးဆေးဆေး မှ ထုတ်တာလည်း ရှိတယ်။ တောက်လျှောက်တော့ ထုတ်ပေးသွားမှာပါ။’’ ဟုပြောသည်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၇ ရက် နံနက်(၀၆:၀၀)တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ၏ အမှတ်စာရင်းများအား စာတိုက်မှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(နေပြည်တော်)နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တို့တွင်လည်း ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ (Xinhua)

#တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း #မြန်မာနိုင်ငံစာစစ်ဦးစီးဌာန #ဆင်ဟွာ
#UniversityEntranceExaminationMark #DepartmentofMyanmarExamination #Xinhua #Myanmar #XinhuaMyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.