Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် အလောင်းပြန်လည်တွေ့ရှိသူ ၁၇ ဦးထိရှိလာ

ဖားကန့်တွင် ကမ်းပါးပြိုကျမှုသော နေရာအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် အလောင်းပြန်လည်တွေ့ရှိသူ ၁၇ဦးထိရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ပြန်သော သတင်းအရ သိရသည်။

မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ဇူလှိုင်(၁၄)ရက် မွန်းလွဲ(၂) နာရီကျော်ခန့်က အမြင့်ပေ(၃၀၀)ခန့် ရှိ ကမ်းပါးယံ ပြိုကျမှုဖြစ် စဉ်ကြောင့် ရေမဆေးကျောက်ရှာဖွေသူများ နုန်းကန်အတွင်းသို့ ပြုတ်ကျ သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူများရှိခဲ့ရာ ယနေ့တွင် အလောင်းပြန်လည်တွေ့ရှိသူ ပေါင်း(၁၇)ဦး၊ ဒဏ်ရာရရှိသူ(၄၃)ဦး နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး ရုံးများထံ သတင်းပေးပို့ တိုင်ကြားထားသည့် လူပျောက်သူ(၆)ဦးထိရှိ နေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖားကန့်မြေပြိုမှုဖြစ်ပွားရာနေရာအား ဆက်လက်စောင့်ကြည့်နေရပြီး နုန်းကန်အတွင်း ဖြစ်နေခြင်းကြောင့် ရှာဖွေမှုလုပ်ဆောင်ရန် ခက်ခဲနေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ အခင်းဖြစ်နေ ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေး အသင်း အဖွဲ့များအနေဖြင့် ပျောက်ဆုံးသူများ ကျန်ရှိ/မရှိ ဆက်လက်ရှာဖွမှု လုပ်ဆောင်ရန်ခက်ခဲနေပြီး နုန်းကန် အတွင်းဖြစ်နေခြင်းကြောင့် အလောင်းများပေါ်လာနိုင်သည့် အခြေအနေ ကိုသာ စောင့်ကြည့်နေရကြောင်း သိရသည်။(Xinhua)