Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံ/မြေပြိုမှုများကြောင့် လူ ၉၀ သေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိ


ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းအတွင်း ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ သြဂုတ် ၂၆ ရက်ထိ ရေကြီးရေလျှံ/မြေပြိုမှုများကြောင့် လူ ၉၀ ဦးသေဆုံးပြီး ၆၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ခုနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ ရေကြီးခြင်း၊မြေပြိုခြင်းတို့ကြောင့် လူဦးရေ ၂၁၁,၈၀၀ ရေဘေးသင့်ခဲ့ကြောင်း၊ အဆိုပါ ရေကြီးရေလျှံ/မြေပြိုကျမှုကြောင့် ကချင်ပြည်နယ်တွင် ၁ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၄ ဦး၊ မွန်ပြည်နယ်တွင် ၇၈ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁ ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၆ဦး စုစုပေါင်း ၉၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ ဒီနှစ်သဘာဝဘေးအန္တရာယ်တွေထဲမှာ မွန်ပြည်နယ် မြေပြိုမှုကြောင့် သေဆုံးတဲ့လူရော ဒဏ်ရာရတဲ့လူရော အများဆုံးပါပဲ” အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ/မြေပြိုမှုများ ဖြစ်ပေါ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံ/မြေပြိုမှုများ ဖြစ်ပေါ်နေစဉ်(ဆင်ဟွာ)

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် နေပြည်တော်တို့၌ ရေဘေးရှောင်စခန်းများ ပိတ်သိမ်းပြီးနေရပ်ပြန်ရွှေ့ပြီဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရေဘေးရှောင်စခန်းများ ဆက်လက်ဖွင့်ထားရဆဲဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ခုတွင် ရေဘေးရှောင်စခန်း ၄၀၀ ခန့် ဖွင့်လှစ်ခဲ့ရကြောင်း၊ ရေကြီးရေလျှံ/မြေပြိုမှုကြောင့် အိမ်ခြေ ၂၃၉ လုံး ပျက်စီးခဲ့ပြီး ၅၂ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီၤးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်သိန်း ၄၆၀ဝ ကျော် ထောက်ပံ့ခဲ့ကြောင်း ယင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.