Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်လားရှိုးမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

ဘုရားဖူးယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ သြဂုတ်လ၁၅ရက် နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်မောင်း မျိုးမင်းဦး(စုံစမ်းဆဲ)မောင်းနှင်လာသော BGO -9M/— ဘုရားဖူးယာဉ်သည် လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော မြေသားလမ်းပေါ်၌ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မရမ်းကုန်း နှင့် ရွှေပြည်သာမြို့နယ် နေသူများဖြစ်ကြ သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်းရှစ်ဦးတို့တွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိပြီး မရမ်းကုန်းမြို့နယ် နေ မဝိုင်းပြည့် (၁၈နှစ်)မှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးမင်းဦးအား အမှုဖွင့်အရေးယူထားကြောင်း မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.