Connect with us

Environment, Disasters & Accidents

သဘာဝ ဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်ဘီလီယံခန့် လိုအပ်

သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

သဘာဝ ဘေးအန္တရာယ်များအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်ဘီလီယံခန့် လိုအပ်ကြောင်း ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှု အလွန်ကာလ လိုအပ်ချက်များ ဆန်းစစ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့သော စီးပွားရေး တန်ဖိုး ပမာဏသည် ပျမ်းမျှအားဖြင့် ကျပ်သန်းပေါင်း(၁ . ၉)ထရီလီယံ (သို့မဟုတ်) အမေရိကန် ဒေါ်လာသန်းပေါင်း (၁ . ၅) ဘီလီယံ ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားပြီး ပြန်လည် ထူထောင် ရေးအတွက် လိုအပ်ချက်မှာလည်း ယင်းပမာဏခန့် ရှိကြောင်း ဖော်ပြထားသည်။

ယင်းအစီရင်ခံစာ၏ အရေးပါသော အကြံပြုချက်များမှာ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှုကို အားကောင်းစေရေး၊ သတင်း အချက်အလက် စနစ်နှင့် ရှေးဦးအရေးပေါ် ကြိုတင် ကြေညာနိုင်မှု စနစ်များ ထူထောင်နိုင်ရေး၊ အရေးပေါ်လုပ်ငန်းစဉ်များ အားကောင်း စေရေး၊ ရှေးဦး ပြန်လည် ထူထောင်ရေး အား ဦးစားပေး ဆောင်ရွက်နိုင်ရေး၊ အရင်းအမြစ် ခွဲဝေမှုကို ပွင့်လင်း မြင်သာစွာနှင့် တာဝန်ယူမှု ပြည့်ဝစွာ စီမံ ခန့်ခွဲနိုင်ရေး၊ အုပ်ချုပ်ရေး စနစ်နှင့် လုပ်ထုံး လုပ်နည်းများ ခိုင်မာရေး တို့ဖြစ်သည်။

ယခု အစီရင်ခံစာသည် ပြည်တွင်း ပြည်ပမှ စွမ်းအားများ အားလုံးကို အမိအရ လက်ကမ်း ရယူလျှက် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်မည်ဟု မျှော်လင့် ရပါကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117