Connect with us

Environment, Disasters & Accidents

ဟူးကောင်းဒေသ ချိုင့်ဝှမ်းရှိ ကျား နှင့် မျောက်လွှဲကျော်များ မှတ်တမ်းယူခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းများ ပြန်လည် စတင်မည်

ဟူးကောင်း ချိုင့်ဝှမ်း အတွင်းရှိ ကျားတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်းဒေသ ချိုင့်ဝှမ်းရှိ ကျားနှင့် မျောက်လွှဲကျော်များ မှတ်တမ်း ယူခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် လုပ်ငန်းများ ပြန်လည် စတင်မည် ဖြစ်ကြောင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသ သားရဲ တိရစ္ဆာန် နှင့် ဘေးမဲ့တော ထိန်းသိမ်းရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျား နှင့် မျောက်လွှဲကျော်များ၏ မှတ်တမ်း ယူခြင်းလုပ်ငန်းကို ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ၇ နှစ်ခန့် လုပ်ငန်း ရပ်နားခဲ့ရာမှ ယခု ပြန်လည် စတင်ခြင်း ဖြစ်သည်။ ကျား နှင့် မျောက်လွှဲကျော်များ၏ မှတ်တမ်းယူခြင်း ကို ဟူးကောင်း ဘေးမဲ့တော ဧရိယာဖြစ်သည့် ကချင်ပြည်နယ် နန်းယွန်း မြို့နယ်၌ ဇန်နဝါရီ နှင့် မေလအတွင်း ဆောင်ရွက်မည် ဖြစ်ပြီး ကျားမှတ်တမ်း ယူခြင်း အတွက် ကင်မရာ ထောင်ချောက် ဆင်ခြင်းကို တစ်လတစ်ကြိမ် ၊ နှစ်ကြိမ် ပြုလုပ်မည် ဖြစ်ကာ မျောက်လွှဲကျော်များကို အသံဖမ်း စနစ်ဖြင့် မှတ်တမ်း ယူမည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်း ပြန်လည် စတင်ရာတွင် ကမ္ဘာ့ ပတ်ဝန်းကျင် ဆိုင်ရာ (GEF) ၊ နှင့် IUCN တို့၏ အကူ အညီဖြင့် ဟူးကောင်း ချိုင့်ဝှမ်းဒေသ ၊ သားရဲ တိရစ္ဆာန် နှင့် ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သွား မည် ဖြစ်သည်။

ဟူးကောင်း ချိုင့်ဝှမ်း ဒေသတွင် ၂၀၁၃ -၂၀၁၄ ခုနှစ် မှတ်တမ်းများ အရ ကျားကောင်ရေ ၇၂ ကောင်မှ ၈၂ ကောင် ကြား ရှိပြီး ၊ မျိုးစိတ်များ အရ ငှက် ၄၃၃ မျိုး၊ နို့တိုက် သတ္တဝါ ၃၉ မျိုး၊ တွားသွား သတ္တဝါ ခုနှစ်မျိုး၊ မြွေအမျိုးအစား ခြောက်မျိုး၊ ဖား အမျိုးအစား ခြောက်မျိုး ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.