Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တောဆင်ရိုင်း ၃၄ ကောင် သေဆုံး

မြန်မာ နိုင်ငံရှိ တောဆင်ရိုင်း တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တောဆင်ရိုင်း ၃၄ ကောင် သေဆုံး ခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

အဆိုပါ သေဆုံးသည့် ဆင်များ အနက် ၁၅ ကောင်သည် သဘာဝ အတိုင်း သေဆုံးခြင်း ဖြစ်၍ ၁၉ ကောင်သည် သတ်ဖြတ် ခံရခြင်း ဖြစ်သည်။

တစ်နှစ်အတွင်း တောဆင်ရိုင်း ၁၉ ကောင် သတ်ဖြတ် ခံခဲ့ရပြီး တောဆင်ရိုင်း သေဆုံး၊ သတ်ဖြတ် ခံရမှုမှာ ဧရာဝတီ တိုင်းဒေသကြီး၌ အများဆုံး ဖြစ်ပွားခဲ့ကာ ရခိုင် ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး တို့၌လည်း ဖြစ်ပွားခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်း ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ် အထိ လေးနှစ်တာ ကာလအတွင်း သဘာဝ သစ်တောများ၌ တောဆင်ရိုင်းများ တရားမဝင် သတ်ဖြတ်မှု များကြောင့် ၂၆ ကောင် သေဆုံးခဲ့ပြီး သဘာဝ အတိုင်း ရောဂါကြောင့် ၄၇ ကောင် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117