Connect with us

Environment, Disasters & Accidents

ကလေးဒေသတွင် ရေကြီးမှု ဖြစ်စဉ်သည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နဲ့ ရခိုင်ပြည်နယ် အတွင်းက မြစ်ကြီးများ အတွက်လည်း သတိပေး လိုက်ခြင်း ဖြစ်ဟုဆို

ကလေးဒေသတွင် ရေကြီးမှုရေလျှံမှု ဖြစ်ပွားပြီးနောက် နုန်းဖုံး လယ်များ (ဓာတ်ပုံ-U Ye Htut Facebook)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ကလေး ဒေသတွင် ရေကြီးခဲ့ခြင်း နှင့်ပတ်သက်၍ ယခု ဖြစ်စဉ်သည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နဲ့ ရခိုင်ပြည်နယ် အတွင်းက မြစ်ကြီးများ အတွက်လည်း သတိပေးလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ထံမှ သိရသည်။

ဦးရဲထွဋ်က “ချင်းတောင်တန်း များပေါ်က မြစ်ဖျားခံလာတဲ့ ချောင်းကြီး ချောင်းငယ်တွေဟာ တမူး ခရိုင်ထဲမှာ ယူးချောင်းက တဆင့် ချင်းတွင်း မြစ်ထဲကို စီးဝင်ပါတယ်။ ကလေး ခရိုင်ထဲမှာတော့ မြစ်သာမြစ်က တဆင့် ချင်းတွင်း မြစ်ထဲကို စီးဝင်ပါတယ်။ ဒီနှစ်မှာတော့ တောင်ပေါ်မှာ မိုးများတဲ့ အတွက် ယူးချောင်းနဲ့ မြစ်သာမြစ်ဟာ နှစ်ပေါင်း တစ်ရာလောက် အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကလေး ဒေသ အတွက်သာ မဟုတ် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နဲ့ ရခိုင်ပြည်နယ် အတွင်းက မြစ်ကြီးများ အတွက်လည်း သတိပေး လိုက်တာပါ’’ ဟု ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလေးမြို့ ရေဘေးသင့် ဒေသကို သွားရောက်ကြည့်ရှု ကူညီသည့် ခရီးစဉ်တွင် သစ်တော ထိန်းသိမ်းရေး၊ မြစ်သာမြစ်နဲ့ ယူးချောင်း ပြန်လည် ထိန်းသိမ်းရေး၊ နုန်းဖုံးသွားတဲ့ လယ်မြေတွေမှာ ဆောင်းသီးနှံ ပြန်လည် စိုက်ပျိုးရေး၊ နောက်နှစ် စိုက်ပျိုး ရာသီ အမှီ နုန်းဖုံး လယ်များကို ပြန်လည် အကွက်ချ ဖော်ထုတ်ရေး ကိစ္စတွေကို အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။

ချင်းပြည်နယ်တွင် ယခုနှစ် မိုးရာသီ ကာလတွင် သြဂုတ်လ ၂၀ ရက်နေ့အထိ မိုးရွာရက် ၇၄ ရက်တွင် မိုးရေချိန် လက်မ ၆၄.၉ ၂ လက်မ ရွာသွန်း ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထိုကာလ၌ မိုးရွာသွန်းရက် ၆၂ ရက်၊ မိုးရေချိန် လက်မ ၃၇.၁၉ လက်မ ပဲ ရှိခဲ့ကြောင်း၊ ယခုနှစ် တွင်တော့ မနှစ်ကထက် ၂၇ လက်မကျော် ပိုရွာခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ဖြစ်စဉ်သည် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နဲ့ ရခိုင်ပြည်နယ် အတွင်းက မြစ်ကြီးများ အတွက်လည်း သတိပေးလိုက်ခြင်း ဖြစ်သည့် အတွက် သစ်တော ထိန်းသိမ်းရေး၊ မြစ်သာမြစ်နဲ့ ယူးချောင်း ပြန် လည် ထိန်းသိမ်းရေးအား သမ္မတ ဦးသိန်းစိန်မှ အဓိက ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)