Connect with us

Environment, Disasters & Accidents

မဲခေါင်ဒေသခွဲ ငါးနိုင်ငံ၏ တောမီးလောင်မှု များတွင် မြန်မာနိုင်ငံမှ မီးလောင်ကွက်ပေါင်း ၂၆,၀၀၀ ကျော်ဖြင့် အများဆုံး ဖြစ်ပွားခဲ့

တောမီးလောင်နေမှု တစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်း စသည့် မဲခေါင်ဒေသခွဲ ငါးနိုင်ငံတွင် ၂ဝ၁၅ ခုနှစ် နှစ်စမှ ဇူလိုင်လ အထိ တောမီး လောင်ကျွမ်းမှု ၇၆,ဝဝဝ ကျော် ဖြစ်ပွားခဲ့ရာ အဆိုပါ ငါးနိုင်ငံတွင် မြန်မာနိုင်ငံ က မီးလောင် ကွက်ပေါင်း ၂၆,ဝဝဝ ကျော်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံတွင် ၁၈,ဝဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မဲခေါင် ဒေသခွဲ ငါးနိုင်ငံတွင် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်က မီးလောင် ကွက်ပေါင်း ၈ဝ,ဝဝဝ ကျော် ဖြစ်ပွားခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွင်း တောမီး လောင်နိုင်သည့် မီးလောင် ကွက်ပေါင်း ၇၅,ဝဝဝ အောက် လျှော့ချနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

မဲခေါင်ဒေသခွဲ နိုင်ငံများ အတွင်း ၂ဝ၁၇ ခုနှစ်တွင် တောမီး လောင်မှု လောင်ကွက်ပေါင်း ၇၅,ဝဝဝ အောက် လျှော့ချ နိုင်ရန်နှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၅ဝ,ဝဝဝ အောက် လျှော့ချနိုင်ရန် အဓိကထား ဆွေးနွေး ဆောင်ရွက် သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် လုပ်ငန်းများ ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

နယ်စပ် ဖြတ်ကျော်မှု ပြဿနာများ ဖြစ်သည့် တောမီး လောင်ခြင်းနှင့် တောမီး လောင်ခြင်းကြောင့် မီးခိုးမြူငွေ့ ပြဿနာများ ဖြေရှင်း ဆောင်ရွက် နိုင်ရန် အချက်အလက်များ ကောက်ယူခြင်း၊ ဒေသခံ ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခြင်း၊ အရည်အသွေး မြှင့်တင် ဆောင်ရွက်ပေးခြင်း တို့ကို အမျိုးသား အဆင့် လုပ်ငန်း စီမံချက်များ ရေးဆွဲကာ ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့အပြင် ကျေးလက်နေ ပြည်သူများ စိုက်ပျိုးမြေ ချဲ့ထွင်ရန် တောမီးရှို့ ခြင်းနှင့် ရွှေ့ပြောင်း တောင်ယာ စနစ် ကြောင့် မီးခိုး မြူငွေ့များ အဓိက ဖြစ်ပေါ်စေ၍ ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးခြင်း ကိုလည်း လှေကားထစ် စိုက်ပျိုးခြင်းဖြင့် အစားထိုး စိုက်ပျိုးနိုင်ရန် တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း ကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117