Connect with us

Environment, Disasters & Accidents

ကလေးဝမြို့ ၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အင်အား ၅.၃ အဆင့်ငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာတွင် အင်အား ၅.၃ အဆင့် လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်းမသိရှိရသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီရိမောင် က ဆင်ဟွာကိုပြောသည်။

ဒေါ်သီရိမောင်က “လောလောဆယ်တော့ ပျက်စီးဆုံးရှုံးမှု စာရင်းမရသေးဘူး၊ ငလျင်လှုပ်ရှားတဲ့နေရာက မြို့ပြနေရာမဟုတ်ဘူး။ ဒါကြောင့် အခုထိတော့ ပျက်စီးဆုံးရှုံးမှုသတင်းတော့မရသေးဘူး၊ ဂန့်ဂေါ်တို့ မုံရွာတို့ ဘက်မှာတော့ ငလျင်လှုပ်ရှားမှုကိုခံစားမိကြတယ်’’ ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၉၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၅) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်တာစကေး(၅.၃)အဆင့်ရှိ အင်းအားအသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော် က “ဒီနေ့ငလျင်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ ဘက်မှာလှုပ်တာ၊ မုံရွာ၊ မော်လိုက်၊ ဖောင်းပြင် တို့ ကလေးဝ တို့ က သိရတယ်။ အနက်က အရမ်းနက်တယ်။ ပျက်စီးဆုံးရှုံးမှုတော့မရှိလောက်ဘူးထင်တယ်’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.