Connect with us

Environment, Disasters & Accidents

တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဇွန်လ ပထမပတ်တွင် ပြီးစီးရန်လျာထား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်ရုံးသို့သွား ရောက်ပြီး လုပ်ငန်းခွင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ တွံတေးတူးမြောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ဇွန်လပထမပတ်တွင် လုပ်ငန်းများပြီးစီးရန် ခန့်မှန်းလျာထား လျှက်ရှိပြီး လက်ရှိတွင်(၇၅)ရာခိုင်နှုန်း ခန့် ပြီးစီး ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်၊ တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တွံတေးမြို့နယ် (၂၁)မိုင် အကောက်စခန်းအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်ရုံးသို့သွား ရောက်ပြီး လုပ်ငန်းခွင်ဆောင်ရွက်နေမှုများကိုကြည့်ရှုကာ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

“ကုန်ကျစားရိတ်က အားလုံး ကျပ်၁၅ဘီလီယံ ကျော်ကျော်ရှိပြီ၊ နေရာစုစုပေါင်းအားလုံး ကျနော်တို့ဆိုရင် သုံးမိုင်ခွဲနေရာမှာလုပ်တာ တစ်နေရာရှိတယ်၊ နောက် သုံးမိုင်ခွဲအကျော် သုံးမိုင်ခွဲနဲ့ လေးမိုင်ကြားမှာ လုပ်ကွက်တစ်နေရာရှိတယ်၊ ပြီးရင် အောင်စေတီဘုရားပတ်ပတ်လည်မှာ လုပ်ကွက်တစ်နေရာရှိတယ်၊ တွံတေးမြို့ရှေ့နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းနှစ်ဘက်မှာ နှစ်နေရာရှိတယ်၊ နောက်နှစ်ဆယ့်တစ်မိုင်မှာကျတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းရှိတယ်၊ရေထဲထွက်တယ်၊ သုံးပိုင်းရှိတာပေါ့၊လုပ်ငန်းအားလုံးပေါင်းလိုက်ရင် (၁၂)ခု(၁၃)ခုလောက်ရှိတယ်” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးက ပြောသည်။

မိုးရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် လုပ်ငန်းများအခက်အခဲ ဖြစ်ပေါ်လာနိုင်သည့်အတွက် အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရန် ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.