Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၉ ဦးသေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိ

အမြန်လမ်းမကြီး၌ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ်(အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျောက် ယခုနှစ် နိုဝင်ဘာလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၉ ဦးသေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသူ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၇ဦး စုစုပေါင်း ၉ ဦးရှိပြီး ဒဏ်ရာရရှိသူ အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၄၀ ဦး စုစုပေါင်း ၉၁ ဦးရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လမ်းမကြီးပေါ်၌ နိုဝင်ဘာလအတွင်း 

ယာဉ် တိုက်ခိုက်မှု ၃၅မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် မတော်တဆမှု ၂မှု၊ Saloon/wagonယာဉ်အမျိုးအစား မတော်တဆမှု ၂၈ မှုနှင့် Expressယာဉ် မတော်တဆမှု ၅မှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.