Connect with us

Environment, Disasters & Accidents

ရွှေဘို၌ မိုးစံချိန်တင်ရွာသွန်း

ရွှေဘိုမြို့တွင် ရေကြီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ရွှေဘိုမြို့၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းရာ မြို့ပေါ်ရှိ ရပ်ကွက်အားလုံး ရေလွှမ်းမိုးသွားကြောင်း၊ အချို့သော မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ဒူးခေါင်း၊ ပေါင်လယ်ခန့်အထိ နစ်မြုပ်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၇ ရက် နံနက် ၉ နာရီခွဲအထိ တိုင်းတာချက်အရ မိုးရေချိန် ၆.ဝ၂ လက် မရှိကြောင်း ရွှေဘိုမြို့၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၏ ပြောကြားချက်အရသိရသည်။

၎င်းရွာသွန်းသော မိုးပမာဏသည် ရွှေဘိုအရှေ့ဘက် မိုးကောင်းတော ဒေသများ (မိုးရွာမှ စိုက်ပျိုးရသောဒေသများ)ဖြစ်သည့် ပဂိုးကုန်း၊ မြောင်းကြီး၊ မင်းကျောင်း၊ ဆင်းကွပ်၊ မဘေး၊ တအုံ၊ အုံးပေါက်၊ ကံဖြူ၊ ရွှေကူ၊ တံခွန်တိုင် စသည့် ကျေးလက်ဒေသများအဖို့ စိုက်ပျိုးရေးအတွက် မပူပင်ရတော့ ဘဲ အဆင်ပြေသွား ပြီဖြစ်ကြောင်းနှင့် သြဂုတ် ၂ဝ ရက်နှင့် ၂၁ ရက်ကလည်း မိုးရေချိန် ၅ လက်မကျော် ရွာသွန်းပြီးဖြစ်၍ ယခုမိုးသည် စိုက်ပျိုးရေး အတွက် ပြည့်စုံစွာအထောက်အကူဖြစ် သွားမည်ဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့် ထွန်ရေး၊ ထယ်ရေး များ ပြုလုပ်နိုင် ကြပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆွေက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.