Connect with us

Environment, Disasters & Accidents

ကသာခရိုင် ဇလုံတောင်တက်လမ်း၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေ၊ ၁၇ ဦးဒဏ်ရာရရှိ

ဇလုံတောင်၌ တိမ်းမှောက်ခဲ့သော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်း မျှော်တောင်၌ ဧပြီ ၁၄ ရက် ညနေ ၄နာရီခွဲအချိန်တွင် Hilux ယာဉ်သည် နောက်ပြန်လျှောကျ တိမ်းမှောက်မှုကြောင့် လူ ၃ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း၊ဒဏ်ရာရရှိသူ ၁၇ ဦးအနက် ၁၀ဦးသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီး ကျန် ၇ဦးသည် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ယင်း ဒဏ်ရာရရှိသူများကို ကသာ/မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားပြီး ယာဉ်မောင်းအား အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117