Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း မှ မြန်မာ နိုင်ငံ ငလျင်ဒဏ်ခံရသော ပြည်သူများအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်း

တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang) မှ လှူဒါန်းငွေ ပေးအပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်(ရန်ကုန်)ရှိ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၈ နာရီ၌ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang) မှ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ ထံသို့ မြန်မာ နိုင်ငံ ငလျင်ဒဏ်ခံရသော ပြည်သူများအတွက် မြန်မာ ကျပ်ငွေ ၁၂၁ သန်း နှင့် ညီမျှသော အမေရိကန် ဒေါ်လာ တစ်သိန်း ကိုပေးအပ်လှူဒါန်း ခဲ့ပါသည်။

လှူဒါန်းပွဲတွင် တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က တရုတ် နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ပုဂံဘုရားများ ပြုပြင်ရေး အတွက် တရုတ် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ နိုင်ငံကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း လူမှု ကရုဏာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တရုတ် ကြက်ခြေနီအသင်းက မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်းသို့ ယခုကဲ့သို့ လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ က အလှူရှင်များ လှူဒါန်းလာသော အလှူငွေများကို ရေနံချောင်း ၊ ချောက် နှင့် ပုဂံညောင်ဦး ဒေသများတွင် လူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များနှင့် ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထို့ပြင် ရခိုင်ပြည်နယ်ရှိ ကြက်ခြေနီသိုလှောင်ရုံသည်ငလျင်ဒဏ်ကြောင့် ပင်မအုတ်တိုင်များ အက်ကွဲသွားသည့်အတွက် ပြန်လည်ပြုပြင်မှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၂၀၁၆ ခုနှစ် ၊ သြဂုတ်လ(၂၄)ရက်နေ့ မြန်မာ စံတော်ချိန်(၁၇)နာရီ(၀၄)မိနစ် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက်(၁၂၃)မိုင်ခန့်ကွာဝေးသော၊ချောက်မြို့ ၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်ခ်တာ စကေး ၆.၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားသွား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.