Connect with us

Environment, Disasters & Accidents

အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိ

တိုင်းဒေသကြီးနဲ့ ပြည်နယ်များ၏အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်ပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင်‌့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ယနေ့မနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မော်လမြို င်မြို့မှာ (၄.၆၁)လက်မ၊ ပဲခူးမြို့မှာ (၄.၀၉)လက်မ၊ ဂွမြို့မှာ (၃.၇၀)လက်မ၊ ဘားအံမြို့မှာ (၂.၇၆)လက်မ၊ သံတွဲမြို့မှာ (၂.၅၆)လက်မ၊ ဇောင်းတူမြို့မှာ (၂.၄၄)လက်မ၊ ဟင်္သာတမြို့မှာ (၁.၈၁)လက်မ၊ ရန်ကုန်(ကမ္ဘာအေး)နဲ့ ထားဝယ်မြို့တို့မှာ (၁.၇၃)လက်မတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင် တွင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်၍ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.