Connect with us

Environment, Disasters & Accidents

တာချီလိတ်တွင် ပြင်းအား ရစ်ချ်တာစကေး ၄.၀ ရှိ ငလျင်လှုပ်ခတ်

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့များပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- Google Map)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့အနီး၌ ဇန်နဝါရီလ ၁၄ ရက် နံနက် ၈ နာရီ ၆ မိနစ်ခန့်က ပြင်းအား ရစ်ချ်တာစကေး ၄.၀ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီထံမှ သိရသည်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့ အရှေ့ဘက် ၆၅ မိုင်ခန့် တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၇၅ မိုင်ခန့် မြေအောက်အနက် ၁ဝ ကီလိုမီတာတွင် ပြင်းအား ရစ်ချ်တာစကေး ၄.ဝရှိသည့် င လျင်ငယ်တစ်ခု လှုပ်သွားသည်။

ရန်ကုန်မြို့၊ တောင်ဘက် လက်ခုတ်ကုန်းကမ်းခြေတဝိုက် ဗဟိုပြု၍ ပြင်းအား ရစ်ချ်တာစကေး ၄.၈ ရှိ ငလျင်ငယ် သည် ဇန်နဝါရီ ၁၂ရက်နေ့ ညပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များအဖြစ် ဇန်နဝါရီ ၁၂ရက်နေ့ ည ၉နာရီ ၄၇မိနစ် တွင် ပမာဏ ၄.၀ ၊ဇန်နဝါရီ ၁၃ရက် နံနက် ၀၀နာရီ ၂၇မိနစ်တွင် ပမာဏ ၃.၆ နှင့် နံနက် ၁နာရီ ၄၁ မိနစ် တွင် ပမာဏ ၂.၈ စသည်ဖြင့် ၃ ကြိမ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သိရသည်။

ထိုင်းနိုင်ငံ ငလျင်ထုတ်ပြန်မှု စစ်တမ်းအရ ၂၀၁၆ ဇန်နဝါရီလ အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ပြင်းအား (၂.၆)နှင့် (၄.ဝ) ရစ်ချ်တာစကေး အကြား ငလျင်ငယ်ပေါင်း(၁၁) ကြိမ် ခန့်လှုပ်ခတ် ခဲ့ကြောင်း သိရသည်။ (Xinhua)