Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ သည် ကျောက်မီးသွေး ပိုမိုထုတ်လုပ်မှုအား လျှော့ချ

တရုတ်နိုင်ငံ၏ အကြီးဆုံးကျောက်မီးသွေး စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လွန်ခဲ့သော ငါးနှစ် အတွင်း ကျောက်မီးသွေး တန်ချိန် သန်းပေါင်း ၅၆၀ တန် ထုတ်လုပ် ခဲ့သည် ဟု ခန့်မှန်းရကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျောက်မီးသွေး အသင်းအဖွဲ့ က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

၁၂ကြိမ်မြောက် ငါးနှစ်ကာလ (၂၀၁၁-၂၀၁၅) အတွင်း တရုတ်နိုင်ငံ သည် ကျောက်မီးသွေးတွင်း ၇၂၅၀ တွင်းအား ပိတ်ခဲ့ကြောင်း အသင်းအဖွဲ့၏ စာရင်းဇယားနှင့် သတင်းအချက်အလက် ဥက္ကဌ ချန်ယောင်းစိုင် ကပြောကြားခဲ့သည်။

၂၀၁၅ခုနှစ် အကုန်တွင် တရုတ်နိုင်ငံ ၌ ကျောက်မီးသွေးတွင်းပေါင်း ၁၁၀၀၀ တွင်း ရှိပြီး ၎င်းတို့ အနက် တွင်း ၁၀၀၀ ခန့်သည် တစ်နှစ် လျှင် ကျောက်မီးသွေးတန်ချိန် ၁.၂သန်းကျော် ထုတ်လုပ်နိုင်ကြောင်း နှင့် ၂၀၁၀ ခုနှစ် ထက် တွင်းပေါင်း ၄၀၀ ပိုလာကြောင်း သိရသည်။

ပြည်တွင်းကျောက်မီးသွေးလိုအပ်မှု သည် စီးပွားရေး တိုးတက်မှု နှေးကွေးလာမှု၊ ပြန်လည် ပြုပြင်ဖွဲ့စည်းမှု နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုတို့ကြောင့် ၂၀၁၄ခုနှစ် တွင် ၂၀၁၃ခုနှစ် ထက် ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် ၄ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့သည်ဟု ခန့်မှန်းကြောင်း အသင်း၏ ဒုဥက္ကဌ ကျောင်းကျိမင် ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.