Connect with us

Environment, Disasters & Accidents

ဂုတ်တွင်း ၆ ထပ်ကွေ့တွင် ခရီးသည်ယာဉ် တစ်စီး ပြုတ်ကျ၍ တစ်ဦးသေ၊ ၁၅ဦး ဒဏ်ရာ ရရှိ

ဂုတ်တွင်း ၆ ထပ်ကွေ့၌ အောက်သို့ပြုတ်ကျသောယာဉ်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း ၆ ထပ်ကွေ့၌ ဇူလိုင်လ ၄ ရက် ည ၁၁ အချိန်ခန့်က ခရီးသည်တင် မှန်လုံကားတစ်စီး ပြုတ်ကျခဲ့ရာ တစ်ဦးသေဆုံး၊၁၅ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်း မိုင်တိုင်အမှတ် ၈၄(၂/၃) အကြားခြောက်ထပ်ကွေ့တွင် မူဆယ်မှ နေပြည်တော်သို့ မောင်းနှင်လာသော ကြယ်စင်သစ္စာယာဉ်လိုင်းမှ ယာဉ်အမှတ် 2B/…. ဖူဆို မှန်လုံယာဉ်သည် ဂုတ်တွင်း ၆ ထပ်ကွေ့မှ ၄ ထပ်ကွေ့သို့ ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်များထဲမှ အမျိုးသား (၁) ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၅) ဦး (မစိုးရိမ်ရ) ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)