Connect with us

Environment, Disasters & Accidents

နှစ်ရာကျော် သက်တမ်းရှိ တောင်သမန်အင်းကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရေကန်အဖြစ် ပြောင်းလဲ သတ်မှတ်မည်

မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့ရှိ တောင်သမန်အင်း (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ တောင်သမန်အင်းကို၂ဝ၁၆ ခုနှစ်မှ စတင်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကန် အဖြစ် ပြောင်းလဲ သတ်မှတ်သွား မည်ဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

တောင်သမန်အင်းအတွင်း ရေဆိုးများ၊ အမှိုက် သရိုက်များနှင့် အညစ်အကြေးများ မဝင်ရောက်စေရန် ဆောင်ရွက်ပေးခြင်း၊ သင့်လျော်သည့် နေရာ၌ ရေဆိုး သန့်စင် စက်ရုံ တည်ဆောက်ပေးခြင်း စသည်တို့ ဆောင်ရွက်ရန် သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက အကြံပြုခဲ့ပြီး လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ ငါးမွေးမြူခြင်းများ ပြုလုပ်တော့မည် မဟုတ်ဘဲ သဘာဝ အတိုင်း ထားရှိမည်ဖြစ်ကာ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အင်းအတွင်းသို့ ရေဝင်ရောက်ရာ ပန်းရံတော် ချောင်းတစ်လျှောက် စက်မှုဇုန် (၁) တည်ဆောက်ခြင်း၊ ဆည်တော်ကြီးမြောင်း လက်တံ (၆)၊ ရေပိုပစ်မြောင်း တစ်လျှောက် စက်မှုဇုန် (၂) တည်ဆောက်ခဲ့ခြင်း၊ အင်းပတ်လည်တွင် စားသောက်ဆိုင်နှင့် လူနေအိမ်များ တည်ဆောက်ခြင်း ကြောင့် အင်းအတွင်းသို့ ရေဆိုးနှင့် စွန့်ပစ် အမှိုက်များ၊ စက်ရုံ အလုပ်ရုံ တို့မှ စွန့်ပစ်ရေများကြောင့် နှစ်စဉ် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်အတွင်း တောင်သမန်အင်း အတွင်း ငါးသေဆုံးမှု ခြောက်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.